ဒေါက်တာသီဟတင်ထွန်း ကျဆုံးခြင်း (၁)နှစ်ပြည့် ဂုဏ်ပြု အမှတ်ရ သဝဏ်လွှာ

ဒေါက်တာသီဟတင်ထွန်း ကျဆုံးခြင်း (၁)နှစ်ပြည့် ဂုဏ်ပြု အမှတ်ရ သဝဏ်လွှာ

(၁) ကျန်းမာရေး မိသားစု -မန္တလေး ( Medical Family Mandalay – MFM) ၏ သပိတ်စစ်ကြောင်းများ၏ Defense Team တွင် တက်ကြွစွာ ပါဝင်ခဲ့သော ကျွန်ုပ်တို့၏ ရဲဘော် ဒေါက်တာသီဟတင်ထွန်း ကျဆုံးခဲ့သည်မှာ ယနေ့ (၂၇/၃/၂၀၂၁) တွင် တနှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည် ။

(၂) ကျွန်ုပ်တို့၏ ရဲဘော်ကျဆုံးခဲ့ရခြင်းအတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ခဲ့ရသည်မှာလည်း တနှစ်ပြည့်ခဲ့ပါပြီ ။

(၃) အဆိုပါ ဝမ်းနည်းမှုများ ၊ ခံပြင်းမှုများ ၊ နာကြဉ်းမှုများစသည့် စိတ်ခံစားချက်များ ကို မြန်မာ့နွေဦးတော်လှန်ရေးကို မောင်းနှင်နိုင်မည့် စွမ်းအားများအဖြစ် ကျွန်ုပ်တို့အနေဖြင့် ပြောင်းလဲခဲ့ပြီး သန္ဓေယုတ်ဖက်ဆစ်စစ်တပ်နှင့် စစ်အာဏာရှင်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မြေမြှုပ်သဂ္ဂြိုလ်နိုင်ဖို့ ဒေါက်တာသီဟတင်ထွန်း၏ ရဲဘော်ရဲဘက် ကျန်းမာရေးလောကမှ ညီအကို မောင်နှမများက ဆက်လက်ကြိုးစားလျက်ရှိပါသည် ။

(၄) ဒေါက်တာသီဟတင်ထွန်းသာမက နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသော ပြည်သူ့သူရဲကောင်းများနှင့်တကွ ခေတ်အဆက်ဆက်မှ ဒီမိုကရေစီအရေး ၊ ဖယ်ဒရယ်အရေး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရသော ပြည်သူ့သူရဲကောင်းများ စိတ်ဖြောင့်ဖြောင့်နှင့် ခရီးဆက်နိုင်စေရေးအတွက် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ဆောင်ရွက်မှသာလျှင် ကျန်ရစ်သူ မိမိတို့အနေဖြင့် တာဝန်ကြေလိမ့်မည် ဟု မှတ်ယူနိုင်ပါလိမ့်မည်

(၅) ထို့ကြောင့် စစ်အာဏာရှင်ပြုတ်ကျရေးသာမက တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် ပြည်သူလူထုတရပ်လုံးက ခိုင်မာသည့် လိုလားတောင့်တချက်ဖြစ်သော လွတ်လပ်မှု ၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အခြေခံသည့် ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက်ပေးနိုင်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအထိပါ ကျွန်ုပ်တို့ MFM မှ ရဲဘော်များအနေဖြင့် တတ်စွမ်းသမျှ ကြိုးပမ်းသွားဦးမည်ဖြစ်ကြောင်း ကမ္ဘာသိ မြန်မာသိ ကြေညာအပ်ပါသည်။

ကျွန်ုပ်တို့၏ ရဲဘော် ဒေါက်တာသီဟတင်ထွန်း မြင့်မြတ်သော ဘုံဘဝမှ ကျေနပ်ပျော်ရွှင်နိုင်ပါစေ ။

ခိုင်မာသော တော်လှန်ရေးသစ္စာဖြင့် – MFM

(၂၇/၃/၂၀၂၂) ဖက်ဆစ်တော်လှန်ရေးနေ့

Scroll to Top