Advanced ECG Course

Advanced ECG Course 🎓🎓🎓

Basic ECG course batch 1/batch 2 ကို အောင်အောင်မြင်မြင် သင်ကြားဖွင့်လှစ်ပြီးနောက်မှာတော့ အများစုမျှော်လင့်နေတဲ့ ” Advanced ECG Course ” ကို MFM မှ ထပ်မံစီစဉ်လိုက်ပါတယ်။

ဒီ Course မှာတော့ USA နှင့် Singapore နိုင်ငံတို့မှ အထူးဖိတ်ကြားထားသော cardiologist များ၊ မြန်မာပြည်ဖွား cardiologist များမှ ပူးပေါင်းပြီး တော်လှန်ရေးကာလအတွင်း junior doctor များ၊ post graduate student များ၊ general practitioner များ၊ သူနာပြု ဆရာဆရာမများ၊ ဆေးနှင့်ဆေးနှီးနွယ် ကျောင်းသား ကျောင်းသူများအတွက် စဉ်ဆက်မပြတ် Medical Education ပေးနိုင်ရန် “ Advanced ECG Course “ကို ​ဇွန်လ ၈ ရက်မှ စတင်ပြီး ဆွေးနွေးပို့ချသွားမှာဖြစ်ပါတယ်။

General practice မှာနေ့စဉ် တွေ့ရတတ်တဲ့ ECG findings တွေ cardiac symptom တစ်ခုချင်းစီနဲ့ ပတ်သတ်တဲ့ ECG အကြောင်းတွေကို problem based learning ပုံစံ ဆွေးနွေးသွားမည့်အပြင် ECG quizzes တွေနဲ့လဲ ပြောပြပေးသွားမှာဖြစ်ပါတယ်။

Course fee – 30000 kyat ဖြစ်ပြီး ရရှိသမျှကိုတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများကိုလှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

လူဦးရေ ကန့်သတ်ထားပါသဖြင့်သတ်မှတ်လူဦးရေပြည့်ပါက Registration ပိတ်မည်ဖြစ်ပါတယ်။ Course ကိုစိတ်ပါဝင်စားပါက Registration ကို MFM Academy Telegram channel https://t.me/MFM_Academy မှတဆင့် လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်။

Note🚨 : We Have Special Privilege to Our CDM Heroes!

The MFM Academic Committee

We Fight , We Win

Scroll to Top