မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ လက်ထဲသို့သာ ထိုးထည့်လိုက်မည့် အာဆီယံ၊ The AHA Center နှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများကိုအပြင်းအထန် ကန့်ကွက်ရှုတ်ချခြင်း

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ လက်ထဲသို့သာ ထိုးထည့်လိုက်မည့် အာဆီယံ၊ The AHA Center နှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများကိုအပြင်းအထန် ကန့်ကွက်ရှုတ်ချခြင်း

▬▬▬▬▬▬▬▬▬▬

ကြေညာချက်အမှတ် (၄/၂၀၂၂)

ရက်စွဲ၊ ၂၀၂၂ ခုနှစ် မေလ (၃၁) ရက်

၁။ လွန်ခဲ့သည် ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက်ထဲသို့သာ အကုန်ထိုးထည့်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

၂။ ဘေးအန္တရာယ်စီမံခန့်ခွဲရေး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံညှိုနှိုင်းရေးမှူးရုံး (The ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) နှင့် UNOCHA တို့သည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရေး လုပ်ငန်းစဉ်တွင် မြန်မာလူထုကို အမှန်တကယ်ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာ ပါဝင်သည့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၏ သဘောထားအသံကို ရယူဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

၃။ မြန်မာအာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုး အဓမ္မရယူခဲ့သည့်အပြင် ပြည်သူလူထုကို နေ့စဉ်နှင့်အမျှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်၊ နှိပ်စက်နေသော “အကြမ်းဖက်အုပ်စု” သာဖြစ်သည်။

၄။ ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့ခံစားနေကြရသော လူမှုဒုက္ခများ၏ ပင်မလက်သည်တရားခံဖြစ်သော အကြမ်းဖက်စစ်အုပ်စု၏ လက်ထဲသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ အရင်းအမြစ်များကို ထိုးထည့်ပေးလိုက်ခြင်းသည် မြန်မာလူထုအတွက် ပိုမိုဆိုးရွာထိခိုက် နစ်နာမှုများကိုသာ ဖြစ်ပွားစေမည်ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ရရှိလာသော အကူအညီ၊ အရင်းအမြစ်များကို လွဲမှားစွာ အသုံးချမည်သာဖြစ်ပြီး အမှန်တကယ် အကူအညီ လိုအပ်လျက်ရှိသော သိန်းပေါင်းများစွာ မြန်မာလူထုထံသို့ လုံးဝ ရောက်ရှိမည်မဟုတ်ပါ။

၅။ ထို့အတွက်ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက်သဘောဖြစ်စေပြီး မြန်မာလူထုအတွက် လုံးဝ အကျိုးမရှိသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် အာဆီယံနှင့် The AHA Centre တို့အနေဖြင့် စစ်အုပ်စုလက်ထဲသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ခြင်းကို ကျွန်ုပ်တို့က (လုံးဝ) အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။

၆။ ထို့အပြင် သမိုင်းတလျောက် အဆိုးဝါးဆုံးသော အတိဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေရပြီး အကူအညီများစွာ လိုအပ်နေသော မြန်မာပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ အမှန်တကယ် ရောက်ရှိနိုင်စေရေးအလို့ငှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လူထုကို အစစ်အမှန် ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၏ သဘောထားအသံကို ထိထိရောက်ရောက် ရယူခြင်း၊ ၎င်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းပြီး ပြည်သူသို့ တိုက်ရိုက်ကူညီထောက်ပံ့ခြင်းတို့ ဆောင်ရွက်သင့်ပါကြောင်း ကျွန်ုပ်တို့အနေဖြင့် အလေးအနက် တောင်းဆိုလိုက်ရပါသည်။

“ASEAN: Stand for Democracy, Not for Dictator

အာဆီယံ၊ ဒီမိုကရေစီအတွက် ရပ်တည်ပါ၊ အာဏာရှင်ကို ဆန့်ကျင်ပါ”

အာဏာရှင်စနစ်ဟူသမျှ မုချကျရှုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချတည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ

ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)

Mail: afcc.mdy@protonmail.com

Signal Number: +1 917 746 5746, +95 9 452 70 16 00, +95 9 766 440 910

Facebook Page: https://www.facebook.com/AFCCMandalay/

ပူးပေါင်းပါဝင်ကြသော အဖွဲ့အစည်း/သပိတ်/အရပ်ဖက်အင်အားစုများ-

၁။ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း

၂။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw)

၃။ မြတောင် သပိတ်စစ်ကြောင်း

၄။ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း

၅။ ချမ်းမြသာစည်မြို့နယ် လူထုသပိတ်စစ်ကြောင်း

၆။ မဟာအောင်မြေမြို့နယ် စုပေါင်းလူထုသပိတ်စစ်ကြောင်း

၇။ မန္တလေးလူငယ် သပိတ်စစ်ကြောင်း

၈။ အ.လ.က (၁၂) ထခွဲ၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (အ.က.သ)

၉။ သမဝါယမတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ သပိတ်စစ်ကြောင်း

၁၀။ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း

၁၁။ မန္တလေးမဟာမိတ် သပိတ်တပ်ပေါင်းစုစစ်ကြောင်း

၁၂။ မန္တလေးမြို့အခြေစိုက် လူထုသပိတ်စစ်ကြောင်း

၁၃။ ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်း

၁၄။ MIIT ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း

၁၅။ ဒေါင်းစစ်သည်

၁၆။ LGBTIQ (လိင်စိတ်ခံယူမှုကွဲပြားသူများ) သပိတ်စစ်ကြောင်း

၁၇။ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း

၁၈။ စိန်ပန်း သပိတ်စစ်ကြောင်း

၁၉။ ပြည်ကြီးတံခွန်သပိတ်

၂၀။ အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်း

၂၁။ တမ္ပဝတီ လူထုသပိတ်စစ်ကြောင်း

၂၂။ အ.ထ.က (၇) ကျောင်းသူ၊ ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်း

၂၃။ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း

၂၄။ မန္တလေးအင်ဂျင်နီယာများအဖွဲ့ (Mandalay Engineer Group)

၂၅။ CDM Support Team Mandalay (CSTM)

၂၆။ ကျန်းမာရေးမိသားစု – မန္တလေး (Medical Family – Mandalay)

၂၇။ ပညာရေးမိသားစု (စစ်အာဏာရှင်ဆန့်ကျင်ရေး ပညာရေးစစ်ကြောင်းများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ)

၂၈။ တိုင်းရင်းသားလူငယ်များ အထွေထွေသပိတ်ကော်မတီ

၂၉။ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)

၃၀။ မန္တလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၃၁။ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၃၂။ မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၃၃။ နည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၄။ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကျောင်းသားများသမဂ္ဂ

၃၅။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၆။ ဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၇။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၈။ ဆေးဝါးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၉။ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၀။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၁။ သူနာပြုတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၂။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၃။ မန္တလေးကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၄၄။ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၅။ မန္တလေးပုဂ္ဂလိကတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MPUSU)

၄၆။ သူနာပြုသင်တန်းကျောင်း(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၇။ သားဖွားသင်တန်းကျောင်း(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)

၄၉။ မန္တလေးအရပ်ဖက်အဖွဲ့အစည်းများ

၅၀။ မန္တလေးအင်ဂျင်နီယာ တပ်ပေါင်းစု

၅၁။ မန္တလေး ကုန်စည်ဒိုင်သပိတ်စစ်ကြောင်း

၅၂။ သပြေညို သတင်းလွှာ

၅၃။ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

၅၄။ မန္တလေး ကဗျာဆရာများသမဂ္ဂ (Mandalay Poets’ Union)

၅၅။ လူငယ်ကဗျာဆရာများသမဂ္ဂ

၅၆။ မန္တလေး၊ တက္ကသိုလ် ဒီဂရီ၊ ကောလိပ် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ သပိတ်စစ်ကြောင်း

၅၇။ မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း

၅၈။ မွတ်စ်လင်မ်လူငယ်များအဖွဲ့

၅၉။ ပုဂ္ဂလိက မူကြိုဆရာ၊ ဆရာမများအဖွဲ့

၆၀။ တိုက်ကွမ်ဒို အားကစားအသင်း

၆၁။ မြန်မာနိုင်ငံဘဏ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Bank Trade Unions Federation of Myanmar – BTUFM)

၆၂။ မြန်မာ့မီးရထား တိုင်းအမှတ် (၃) CDM ဝန်ထမ်းများ သပိတ်စစ်ကြောင်း

၆၃။ မေမြို့ ပင်မအထွေထွေသပိတ်အင်အားစု

Scroll to Top