အထူးကျေးဇူးတင်ရှိခြင်း
MFM မှ ပထမဦးဆုံး International Webinar ကို Korea LAMP Medical Aids မှ Professor များ၊ အထူးကု ဆရာဝန်ကြီးများ နှင့် မြန်မာနိုင်ငံမှ အထူးကုဆရာဝန်များ ပူးပေါင်း၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ တက်ရောက်ပေးကြသော မြန်မာနှင့် Korea နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသား များကို အထူးကျေးဇူးတင်ရှိပါသည်။
Registration ပြုလုပ်သူများထဲမှ ပထမဆုံး အယောက် ၁၂၀ ကို Data 4 GB လက်ဆောင်ပေးခဲ့ပြီး၊ Quizz Winner များကိုလည်း မကြာမီ လက်ဆောင် ပေးပို့ပေးမည် ဖြစ်ပါသည်။ Webinar တက်ရောက်ခဲ့သူများ အားလုံးကိုလည်း Korea LAMP မှ Certificate of Attendance ပေးအပ်သွားမည် ဖြစ်ပါသည်။
ငြိမ်းချမ်းစွာ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများကို Webinar အတွင်းဝင်ရောက်၍ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် သင်ကြားမှု ရပ်တန့်သွားစေရန် နည်းမျိုးစုံဖြင့် ဖျက်ဆီးရန် ကြိုးစားနေသူများကိုလည်း ကျောင်းသားကျောင်းသူများက ညီညာစွာ ကြိမ်းမောင်း နှင်ထုတ်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းနှင်ထုတ်ပေးခဲ့ကြသည့် Webinar တက်ရောက်သူ ရဲဘော်ရဲဘက်များအားလုံးကို MFM မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဆက်လက်၍လည်း နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆေးနှင့် ဆေးနှီးနွှယ် ကျောင်းသူ ကျောင်းသားများအတွက် (CDM သူရဲကောင်းများ အတွက်သာ) Webinar များ Micro credential course များ ပို့ချပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဖြစ် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
MFM
We Fight, We Win








