၂၀၂၂ ခုနှစ် ၊ မေလအတွင်း MFM အနေဖြင့် လှူဒါန်းမှုစုစုပေါင်း ——-(၂၅၉ )သိန်းကျပ်
စစ်ရေးအရပြင်းထန်နေသော
စစ်ကိုင်းတိုင်းအတွင်းမှ NUG , PDF တပ်ရင်းတခုတွင် အသုံးပြုရန်လိုအပ်နေသော Android ဖုန်း တလုံး လှူဒါန်းခြင်း — ၅သိန်းကျပ်
ယင်းမာပင်ခရိုင် ၊ PDF တပ်ရင်း (၉) ထံ ဆေးနှင့်ဆေးဝါးပစ္စည်းများ လှူဒါန်းမှု —— သိန်း (၇၀) ကျပ်
မန္တလေးတိုင်း၊ PDF များထံ
လစဉ်ရိက္ခာဖိုး ——————သိန်း (၅၀) ကျပ်
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် PDF တပ်မဟာ (၇) ထံ ဆေးနှင့် ဆေးဝါးပစ္စည်းများလှူဒါန်းမှု —(၄၅) သိန်း ကျပ်
ချင်းပြည်နယ်ရှိ ဆေးအဖွဲ့တခုထံ ဆေးနှင့် ဆေးဝါးပစ္စည်းများလှူဒါန်းမှု ————-သိန်း (၂၀) ကျပ်
မန်းခရိုင် PDF ရင်း(၁) ထံ လစဉ်ရိက္ခာဖိုး ——-သိန်း (၂၀) ကျပ်
ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် PDF များထံ ဆေးနှင့် ဆေးဝါးပစ္စည်းများလှူဒါန်းမှု ————-(၁၇) သိန်း ကျပ်
ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက်
ဆေးနှင့် ဆေးဝါးပစ္စည်းများလှူဒါန်း——(၁၀) သိန်း ကျပ်
KNU, တပ်မဟာ (၆) အတွက် ဆေးနှင့် ဆေးဝါးပစ္စည်းများလှူဒါန်းမှု ———(၁၀) သိန်းကျပ်
ကန်ပက်လက်မြို့နယ်ရှိ CDF အတွက်
ဆေးနှင့်ဆေးဝါးပစ္စည်းများ လှူဒါန်းမှု —(၇) သိန်းကျပ်
သပိတ်အဖွဲ့များအား ထောက်ပံ့နေသည့်
Youth Association of Thingangyun သို့
လှူဒါန်းမှု —————( ၅)သိန်းကျပ်
၂၀၂၂ ခုနှစ် ၊ မေလအတွင်း ဆေးနှင့်ဆေးဝါးပစ္စည်းများ ပို့ဆောင်ထားပြီး သက်ဆိုင်ရာ နယ်မြေသို့ မရောက်ရှိသေးသည့် လှူဒါန်းမှုများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
နိုင်ငံနှင့်အဝှမ်း ပိုမိုအရှိန်တက်လာသော စစ်မီးကြောင့် ဆေးနှင့်ဆေးဝါးပစ္စည်းများ လိုအပ်ချက် အင်မတန်များပြားလာပါသည်။
၂၀၂၂ ခုနှစ် ၊ မေလ MFM ၏ လှူဒါန်းမှု အားလုံးဟာလည်း ဆေးနှင့်ဆေးဝါးပစ္စည်းလှူဒါန်းမှုချည်း ၂၅၉ သိန်း အထိ ရှိသည်ကို မိဘပြည်သူများ သတိပြုမိမှာဖြစ်ပါတယ်။
ရှေ့လျှောက်မှာလည်း နိုင်ငံနှင့်အဝှမ်း ဆေးဝါးပစ္စည်းလိုအပ်ချက်များ ပိုမိုရှိလာအုံးမှာဖြစ်တဲ့အတွက် မိဘပြည်သူများအနေဖြင့် MFM ကို ဆက်လက်လှူဒါန်းအားပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ခိုင်မာသော တော်လှန်ရေးသစ္စာဖြင့် – MFM








