မန္တလေးမြို့မှာ အကြမ်းဖက်၊ ဖက်ဆစ်၊ စစ်အာဏာရှင်အုပ်စုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျန်းမာရေးမိသားစု – မန္တလေးရဲ့ ယနေ့အရုဏ်ဦးသပိတ် (၆-၄-၂၀၂၁) ကို အကြမ်းဖက်စစ်သွေးကြွအုပ်စုက သပိတ်မှောက်ရန် လူစုနေချိန် နံနက် (၅:၃၀) နာရီမှာ အကြမ်းဖက်၍ ပစ်ခတ်ဖောက်ခွဲပြီး ဖြိုခွင်းခဲ့ပါတယ်။မန္တလေးမြို့၊ ၇၃ – ၇၄ လမ်းကြား၊ ၃၁ – ၃၂ လမ်းကြား၊ ဆေးတက္ကသိုလ် – မန္တလေးနဲ့ အောင်ဆန်းဆောင်လမ်းကြားမှာ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးနှင့်နှီးနွှယ်ကျောင်းသားကျောင်းသူများ၊ ဆေးဝါးကျွမ်းကျင်၊ ဆေးဘက်ပညာသည်၊ တိုင်းရင်းဆေး အစရှိတဲ့ ကျန်းမာရေးမိသားစု၀င်များ အရုဏ်ဦးသပိတ်ပြုလုပ်ရန် လူစုနေချိန်မှာပဲ အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲဖမ်းဆီးခဲ့တာပါ။ကလေးအထူးကုဆရာဝန် (၂) ဦး (ကျား ၁၊ မ ၁) အဖမ်းဆီးခံရပြီး အခြားတစ်ဦး လက်မောင်းကို သေနတ်ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။ (အထိအခိုက်၊ အဖမ်းဆီးခံစာရင်းအတိအကျ စာရင်းဆက်လက်ပြုစုဆဲ)ဆန္ဒပြသူများရဲ့ ဆိုင်ကယ်များ၊ လက်ကိုင်ဖုန်းများကိုလည်း စစ်သွေးကြွအုပ်စုက အဓမ္မလုယူသွားခဲ့ပါသေးတယ်။စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည် !အရေးတော်ပုံ အောင်ရမည် !အောင်ပွဲမရမချင်း ဆက်လက်ဆန့်ကျင် တိုက်ပွဲ၀င်သွားမည်
Today, March 6, at 5:30 am, Medical Family of Mandalay were terrorized by a group of Military people while they were gathering for dawn strike to protest against the military dictatorship. It was taken place in a street nearby Mandalay Medical University between 73×74 Street and between 31×32 Street.
Four doctors, including two child specialists, were arrested during the incident. And also, a member of the medical family was reportedly shot in the arm. No death has been reported so far. Protesters’ motorcycles and mobile phones were also confiscated by the junta.
We, medical family, will continue to fight until victory!
The military dictatorship must fail!
The uprising must succeed!
editor – Medical Family Mandalay