မြန်မာပြည်ရဲ့ နော်မန်ဗက်သွန်း သို့မဟုတ် MFM

၁၉၃၆ – ၁၉၃၉ ခုနှစ် ကာလတွေက စပိန်ပြည်နဲ့ တရုတ်ပြည်မှာ စစ်ပွဲတွေအတွင်း ဆေးကုသခဲ့တဲ့ ကနေဒါဆရာဝန် ဒေါက်တာနော်မန်ဗက်သွန်း အကြောင်းတော့ တစွန်းတစ ကြားမိကြဖူးမယ်ထင်ပါတယ်။ (ကျော်အောင် မြန်မာဘာသာပြန်ထားတဲ့ “နှလုံးလှဆရာဝန်” – The Scalpel, the Sword: The Story of Doctor Norman Bethune စာအုပ်ကို မဖတ်ရသေးရင် ရှာဖတ်ကြည့်ပါ)

ကျန်းမာရေးမိသားစု – မန္တလေး (MFM) က အဖွဲ့ဝင်တွေဟာလည်း တစ်နည်းအားဖြင့် မြန်မာပြည်ရဲ့ နော်မန်ဗက်သွန်းတွေပါပဲ။

ဒီမှတ်တမ်းဓာတ်ပုံတွေကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖြုတ်ချဖို့အတွက် ရှေ့တန်းတစ်နေရာမှာ လေ့ကျင့်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေကို MFM အဖွဲ့သားတွေက ပြုစုကုသပေးနေတဲ့ မြင်ကွင်းအချို့ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည် 💪

အရေးတော်ပုံ အောင်ရမည် 💪

Scroll to Top