အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင် ဟန်ပြငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ချက်

အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)

အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင် ဟန်ပြငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ချက်

ကြေညာချက်အမှတ် (၃/၂၀၂၂)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရက်စွဲ၊ ၂၀၂၂ ခုနှစ် မေလ (၂) ရက်

၁။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးလိုပါကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်တွင် ရုပ်သံမီဒီယာကတဆင့် ဖိတ်ခေါ်ကမ်းလှမ်းထားပါသည်။

၂။ ဤဖိတ်ခေါ်ကမ်းလှမ်းချက်မှာ လွတ်လပ်ပြီးခေတ် (၇၅) နှစ်ကျော် သမိုင်းတလျောက် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ကို တောက်လျောက် ဖျက်ဆီး၊ ငြင်းပယ်၊ တားဆီးနှောက်ယှက်ခဲ့သော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အပေါ် အမှန်တကယ် လိုလား၍ ရိုးသားဖြောင့်မတ်စွာ ဖိတ်ခေါ်ခြင်း လုံးဝ မဟုတ်နိုင်ဟု ကျွန်ုပ်တို့က သုံးသပ်သည်။

၃။ ဤဖိတ်ခေါ်ကမ်းလှမ်းချက်မှာ ယခုနွေဦးပြည်သူ့တော်လှန်ရေးကြီးတွင် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေးစသည့် မျက်နှာစာအားလုံးတွင် အထွေထွေ အကျပ်အတည်းပေါင်းစုံ ကျရောက်နေသော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်းတို့ အသက်ရှုထွက်ပေါက်ရရေးအတွက်လည်းကောင်း၊ ပို၍ပို၍ စည်းလုံးညီညွတ်လာသော တော်လှန်ရေးအင်အားများကို သပ်သျှိုသွေးခွဲနိုင်ရေးအတွက်လည်းကောင်း၊ အရှိန်အဟုန်ကောင်းစွာ တိုးတက်နေသော ပြည်သူ့တော်လှန်ရေးကို အဟန့်အတားဖြစ်ရေးအတွက်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်သည့် “လှည့်ကွက် ထောက်ချောက်” တခုဟု ကျွန်ုပ်တို့က သုံးသပ်ယူဆသည်။

၄။ သို့ပါ၍ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးသည် “နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍ မပါဝင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေး၊ တိုင်းပြည်ပြု လုပ်ငန်းစဉ်များတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပါဝင်နိုင်ရေး” အစရှိသည့် ပြည်သူလူထု၏ အကျိုးကို ဦးထိပ်ထားသည့် “မူ” များကို ကိုင်ဆွဲ၍ “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်”၊ အစိတ်အပိုင်း (၁)၊ အခန်း (၃) တွင် အတိအလင်း ဖော်ပြထားသော နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ဆင့်အတိုင်း ဆက်လက် ချီတက်၊ တော်လှန်တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့က တိုက်တွန်းလိုပါသည်။

၅။ သို့ဖြစ်သောကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် တော်လှန်ရေးအတွေ့အကြုံ ပြည့်ဝသူများဖြစ်သည့်အလျောက် လွတ်လပ်ပြီးခေတ် (၇၅) နှစ်ကျော်သမိုင်းတလျောက် ပထမဆုံးကြုံကြိုက်လာသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ရရှိနိုင်မည့် အကောင်းဆုံးသော အခွင့်အရေးကြီးကို လက်လွတ်မခံဘဲ မိတ်ဖက်အင်အားများနှင့်အတူလက်တွဲလျက် ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုနှင့် အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်သည်ထိ ဆက်လက်တွန်းလှန် တိုက်ပွဲဝင်သွားကြပါရန် လေးစားစွာ တိုက်တွန်းအကြံပြုအပ်ပါသည်။

#သံပူခိုက်_နာနာရိုက်ကြလော့

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ

ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)

Mail: afcc.mdy@protonmail.com

Signal Number: +95 9 755 528123, +1 917 746 5746, +95 9 766 440 910

Facebook Page https://www.facebook.com/AFCCMandalay/

ပူးပေါင်းပါဝင်ကြသော အဖွဲ့အစည်း/သပိတ်/အရပ်ဖက်အင်အားစုများ-

၁။ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း

၂။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw)

၃။ မြတောင် သပိတ်စစ်ကြောင်း

၄။ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း

၅။ ချမ်းမြသာစည်မြို့နယ် လူထုသပိတ်စစ်ကြောင်း

၆။ မဟာအောင်မြေမြို့နယ် စုပေါင်းလူထုသပိတ်စစ်ကြောင်း

၇။ မန္တလေးလူငယ် သပိတ်စစ်ကြောင်း

၈။ အ.လ.က (၁၂) ထခွဲ၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (အ.က.သ)

၉။ သမဝါယမတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ သပိတ်စစ်ကြောင်း

၁၀။ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း

၁၁။ မန္တလေးမဟာမိတ် သပိတ်တပ်ပေါင်းစုစစ်ကြောင်း

၁၂။ မန္တလေးမြို့အခြေစိုက် လူထုသပိတ်စစ်ကြောင်း

၁၃။ ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်း

၁၄။ MIIT ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း

၁၅။ ဒေါင်းစစ်သည်

၁၆။ LGBTIQ (လိင်စိတ်ခံယူမှုကွဲပြားသူများ) သပိတ်စစ်ကြောင်း

၁၇။ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း

၁၈။ စိန်ပန်း သပိတ်စစ်ကြောင်း

၁၉။ ပြည်ကြီးတံခွန်သပိတ်

၂၀။ အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်း

၂၁။ တမ္ပဝတီ လူထုသပိတ်စစ်ကြောင်း

၂၂။ အ.ထ.က (၇) ကျောင်းသူ၊ ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်း

၂၃။ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း

၂၄။ မန္တလေးအင်ဂျင်နီယာများအဖွဲ့ (Mandalay Engineer Group)

၂၅။ CDM Support Team Mandalay (CSTM)

၂၆။ ကျန်းမာရေးမိသားစု – မန္တလေး (Medical Family – Mandalay)

၂၇။ ပညာရေးမိသားစု (စစ်အာဏာရှင်ဆန့်ကျင်ရေး ပညာရေးစစ်ကြောင်းများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ)

၂၈။ တိုင်းရင်းသားလူငယ်များ အထွေထွေသပိတ်ကော်မတီ

၂၉။ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)

၃၀။ မန္တလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၃၁။ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၃၂။ မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၃၃။ နည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၄။ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကျောင်းသားများသမဂ္ဂ

၃၅။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၆။ ဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၇။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၈။ ဆေးဝါးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၃၉။ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၀။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၁။ သူနာပြုတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၂။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၃။ မန္တလေးကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၄၄။ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၅။ မန္တလေးပုဂ္ဂလိကတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MPUSU)

၄၆။ သူနာပြုသင်တန်းကျောင်း(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၇။ သားဖွားသင်တန်းကျောင်း(မန္တလေး)ကျောင်းသားများသမဂ္ဂ

၄၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)

၄၉။ မန္တလေးအရပ်ဖက်အဖွဲ့အစည်းများ

၅၀။ မန္တလေးအင်ဂျင်နီယာ တပ်ပေါင်းစု

၅၁။ မန္တလေး ကုန်စည်ဒိုင်သပိတ်စစ်ကြောင်း

၅၂။ သပြေညို သတင်းလွှာ

၅၃။ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

၅၄။ မန္တလေး ကဗျာဆရာများသမဂ္ဂ (Mandalay Poets’ Union)

၅၅။ လူငယ်ကဗျာဆရာများသမဂ္ဂ

၅၆။ မန္တလေး၊ တက္ကသိုလ် ဒီဂရီ၊ ကောလိပ် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ သပိတ်စစ်ကြောင်း

၅၇။ မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း

၅၈။ မွတ်စ်လင်မ်လူငယ်များအဖွဲ့

၅၉။ ပုဂ္ဂလိက မူကြိုဆရာ၊ ဆရာမများအဖွဲ့

၆၀။ တိုက်ကွမ်ဒို အားကစားအသင်း

၆၁။ မြန်မာနိုင်ငံဘဏ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Bank Trade Unions Federation of Myanmar – BTUFM)

၆၂။ မြန်မာ့မီးရထား တိုင်းအမှတ် (၃) CDM ဝန်ထမ်းများ သပိတ်စစ်ကြောင်း

၆၃။ မေမြို့ ပင်မအထွေထွေသပိတ်အင်အားစု

Scroll to Top