အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ

အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ

ပဲခူးသားဖွားသင်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသူ၊ Free Burma Rangers (ကရင်နီ) တပ်ဖွဲ့ဝင် မအဲလစ္စဘက်သည် ယမန်နေ့ မတ် ၉၊ ၂၀၂၂ (ဗုဒ္ဓဟူးနေ့) တွင် ကယားပြည်နယ်အတွင်းရှိ ဆောင်ဒူလာကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းစစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်် ဒဏ်ရာပြင်းထန်စွာရရှိကာ ကျဆုံးခဲ့ကြောင်း ကြားသိရသည့်အတွက် ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု မန္တလေး ( Medical Family Mandalay – MFM ) အနေဖြင့် အထူးဝမ်းနည်းကြေကွဲရပါသည်။

အကြမ်းဖက် စစ်အာဏာရှင်တို့အား ရဲဝံ့စွာတော်လှန်ရင်း အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် အစွမ်းကုန်ပေးဆပ်၍ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့သော မအဲလစ္စဘက်အား ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု – မန္တလေး ( MFM ) မှ အမြဲထာဝရ အောက်မေ့ဂုဏ်ယူလျက် ပြည်သူ့ သူရဲကောင်း အာဇာနည်တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ် ပါသည်။

“မအဲလစ္စဘက် ကောင်းရာသုဂတိ လားပါစေ”

ကျန်းမာရေးမိသားစု – မန္တလေးMedical Family Mandalay – MFM

Scroll to Top