၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှာဆိုရင်ဖြင့် ကျန်းမာရေးမိသားစု-မန္တလေး (Medical Family Mandalay- MFM) တည်ထောင်တာ တနှစ်ပြည့်ပါပြီ ။
ကျန်းမာရေးလောကအတွင်းရှိ နယ်ပယ်ပေါင်းစုံမှ ကျန်းမာရေးဝန်ထမ်း ပညာရှင်၊ ပညာသည်ပေါင်းမြောက်များစွာဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် တခုအောက်မှာ စုရုံးပြီး တော်လှန်ရေးလှေကို စတင်လှော်ခတ်ခဲ့ကြပါသည် ။ တော်လှန်ရေးခရီး တနှစ်ပြည့်ခဲ့ပေမယ့်လည်း နောက်ထပ် နောက်ထပ်သော သွေးသစ်များ လောင်းလျက် MFM ဟာ ခရီးပြင်း နှင်လျက်ရှိပါသည် ။
ပြောင်းလဲလာသော တော်လှန်ရေးပုံသဏ္ဌာန်အရ ယနေ့အချိန်တွင် စစ်အာဏာရှင်ပြုတ်ကျရေးသာမက တိုင်းရင်းသားအားလုံးလိုလားသော ဒီမိုကရေစီအရေး ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက်ပေးနိုင်သည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကျွန်တော် ကျွန်မတို့ အနေဖြင့်ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုကြေညာအပ်ပါသည်။
တော်လှန်ရေးတနှစ်တာကာလအတွင်း MFM ၏ ဖြတ်သန်းမှုများကို အောက်ဖော်ပြပါ ဓါတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြလိုက်ရပါသည် ။ ဓါတ်ပုံများ၏ မူလပိုင်ရှင်များဖြစ်သည့် တော်လှန်သောဓါတ်ပုံဆရာများကိုလည်း ကျေးဇူးတင်ပါသည်။























