World No Tobacco Day 2021

ရုန်းထွက်သူသာ အောင်မြင်ရာ (Quitters are Winners)

■ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းကို လုံးဝ အစမပြုပါနှင့်။

■ လူငယ်များနှင့် ကလေးငယ်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်း အစမပြုမိစေရန် ဝိုင်းဝန်း အကြံပေးတိုက်တွန်းကြပါ။

■ လူကြီးများအနေဖြင့် ကလေးငယ်များရှေ့တွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီး ငုံခြင်း၊ ဆေးလိပ်နှင့် ကွမ်းယာများ ဝယ်ခိုင်းခြင်းနှင့် ကလေးငယ်များကို ဆေးလိပ်မီးညှိခိုင်းခြင်းများ သတိပြု ရှောင်ကြဉ်ပါ။

■ မိမိကိုယ်တိုင် သုံးစွဲသူဖြစ်ပါက ဖြတ်ပါ။

■ အခြားသုံးစွဲနေသူများကိုလည်း ဖြတ်နိုင်ရန် ကူညီပံ့ပိုးတိုက်တွန်းပေးပါ။

■ ဆေးလိပ်သောက်သူများသည် ကိုဗစ်-၁၉‌ ရောဂါ ကူးစက်နိုင်‌ခြေ ပိုများပြီး ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

■ Do not start smoking tobacco from the beginning.

■ Encourage children and youths not to start smoking tobacco.

■ Do not smoke tobacco or chew betel in front of children.

■ If you are the user , quit tobacco.

■ Help and encourage other users to quit.

■ Smokers face a higher risk of developing severe COVID-19.

Ministry Of Health

National Unity Government

Scroll to Top