We, Medical Family Mandalay, aim to provide much needed medical care, health education and emergency medical training to our people affected by atrocities committed by the SAC.
Now . we are donating necessary supplies , equipment and medical supplies to our people in Kachin. We would like to request all the local and foreign donors to join us in the donation program for Kachin , Myanmar.
” ကချင်ဒေသရှိ ပြည်သူလူထုအတွက် အလှူငွေကောက်ခံခြင်း ”
ကျန်းမာရေးမိသားစု – မန္တလေး (Medical Family – Mandalay: MFM) သည် ဆေးပညာသင်ကြားခြင်း၊ ဒေသအသီးသီးတွင် အတိဒုက္ခနှင့် ရင်ဆိုင်နေရသော ပြည်သူများအတွက် ဆေးဝါးနှင့် လိုအပ်သည်များ ပေးပို့ ကူညီထောက်ပံ့ခြင်း၊ ဘေးသင့်ပြည်သူများ ရှောင်ပုန်းနေထိုင်ရာ တောတောင်များအထိ အရေးပေါ်ဆေးအဖွဲ့များ စေလွှတ်၍ ဆေးကုသမှုပေးခြင်း၊
ကျန်းမာရေးပညာပေးခြင်းနှင့် အရေးပေါ်အသက်ကယ်နည်းသင်တန်းများ ပို့ချခြင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်တတိယလှိုင်းတွင် ပြည်သူများအတွက် အထောက်အကူဖြစ်စေရန် တယ်လီဂရမ်ချန်နယ်ဖွင့်၍ ဆေးကုမှုနှင့် အကြံဉာဏ်များပေးခြင်း၊
တယ်လီကျန်းမာဆေးခန်းဖွင့်လှစ်၍ ဆေးရုံဆင်းလူနာများကို ကြည့်ရှုကုသခြင်း စသည့် မွန်မြတ်စွာ တော်လှန်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားသွန်ခွန်စိုက် လုံ့လပြု ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ ကချင်ဒေသရှိ ပြည်သူလူထုအတွက် လိုအပ်သော ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့နိုင်ရန် ကျန်းမာရေးမိသားစု – မန္တလေးနှင့် ပူးပေါင်းပါဝင်လှူဒါန်းလိုသော ရဟန်းရှင်လူပြည်သူများသည် အောက်ပါ K Pay အကောင့်များသို့ ယုံကြည်စိတ်ချစွာ ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
အလှူငွေ လက်ခံမည့် KBZ Pay Account များ
KBZ Pay Account (1)09400492987 May Thu Hnin
KBZ Pay Account (2)09976012877 Aung Kaung Myat Tun
(K Pay Account သို့ အလှူငွေ ပေးပို့လှူဒါန်းရန် အဆင်မပြေသူများအနေဖြင့် အခြား Pay စနစ်များဖြင့် လှူဒါန်းနိုင်ရန် Page Chat Box သို့ လာရောက်ဆက်သွယ်ပေးကြပါနော်)
(နိုင်ငံရပ်ခြားမှ လှူဒါန်းလိုသူများအနေဖြင့် , For foreign donors –https://medicalfamilymandalay.org/donate/ မှတစ်ဆင့် လှူဒါန်းနိုင်ပါကြောင်း)
အရေးတော်ပုံ အောင်ရမည်!