1. Isolation – prepare isolated room for the patient away from other family members. Isolated room should have enough ventilation and lighting.
2. Reducing the risk of transmission – choose someone for taking care of patient (who is not chronically ill , elderly , pregnant and do not go out often). Make sure to wear a face mask if you are in the same room as the patient. Use separate spoon , dishes , bed sheets , pillows and blankets etc. only for the patient. Frequently clean and disinfect surfaces contacted by the patient.
3. Patient Care – check the patient’s symptoms regularly. Special care should be taken for patients who are at high risk for severe COVID-19 ( chronically ill , elderly and pregnant ). Make sure the patient is well rested and hydrated.
If the patient experience any of the following dangerous symptoms , contact nearest clinic or doctor .
(a) Difficulty in breathing
(b) Anxiety
(c) Unable to speak or move
(d) chest pain
သင့်အိမ်တွင် ကိုဗစ်-၁၉ သံသယလူနာ (သို့မဟုတ်) အတည်ပြုလူနာ ရှိခဲ့လျှင်
1. လူနာကို သီးခြားနေစေခြင်း – သီးသန့်အခန်း (သို့မဟုတ်) သီးခြားနေရာတစ်ခု ပြင်ဆင်ထားရှိပါ။ အခြားအိမ်သားများနှင့် ခပ်ဝေးဝေးမှာ ထားရှိပါ။လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းတံခါးများကို မကြာခဏ ဖွင့်ထားပါ။
2. ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချခြင်း အတူနေမိသားစုထဲမှ လူနာကို အနီးကပ်ပြုစုမည့်သူကို ရွေးချယ်ပါ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နှင့် အပြင်သို့ မကြာခဏထွက်သူ မဖြစ်စေရ)။ – လူနာနှင့် တစ်ခန်းတည်းတွင် ရှိနေပါက ခွဲစိတ်ခန်းသုံး Mask ကို သေချာတပ်ထားပါ။လူနာအတွက် ဇွန်း၊ ပန်းကန်ခွက်ယောက်များ၊ အိပ်ယာခင်း၊ စောင်နှင့် ခေါင်းအုံးများကို သီးခြားသတ်မှတ်ပေးပါ။လူနာ ကိုင်တွယ်ထိတွေ့လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်စင်ပါ။
3. လူနာကို ပြုစုခြင်း လူနာ၏ ရောဂါလက္ခဏာများကို ပုံမှန်ဆန်းစစ်ပါ။ ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ခြေရှိသော လူနာများ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်) ကို အထူးဂရုစိုက် စောင့်ရှောက်ပါ။ လူနာကို ကောင်းမွန်စွာ အနားယူစေပြီး ရေဓာတ်ပြည့်ဝနေစေရန် ဂရုပြုပါ။
လူနာတွင် အောက်ပါအန္တရာယ်လက္ခဏာများအနက် တစ်ခုခု ခံစားရပါက နီးစပ်ရာဆရာဝန် (သို့မဟုတ်) ဆေးခန်းသို့ ဆက်သွယ်ပါ။
(က) အသက်ရှူရခက်ခဲခြင်း၊
(ခ) စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊
(ဂ) စကား မပြောနိုင်ခြင်း/ လှုပ်ရှားမှု မရှိခြင်း၊
(ဃ) ရင်ဘတ်အောင့်ခြင်း၊