Medical Family Mandalay is Fighting to Take Down Military Dictatorship in Every Possible Way and For Our People’s Health.

We are working to put our people’s health first in the face of brutal persecution by SAC.

Our Medical Family Mandalay ‘s protests are still going on and we are also donating necessary supplies to our people who have been internally displaced due to atrocities committed by the SAC

We provide Tele-education program for medical training and also established Medical bases for medical care. Emergency medical cover teams have been sent to Chin State and various war-effected areas across the country. We provided much needed medical care, health education and emergency medical training to IDPs.

Now , our medical teams are also in Kachin State providing medical care , health education to Kachin People.

This cannot be achieved without our people’s support . Our Medical Family Mandalay are deeply grateful for your support and would like to ask for your continuous support in the future.

The dictator musk fail !!!!

Democracy must prevail !!!!

“ပြည်သူတွေ ကျန်းမာဖို့နဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ ကျန်းမာရေးမိသားစု – မန္တလေး”

ကျန်းမာရေးမိသားစု – မန္တလေး (Medical Family – Mandalay: MFM) အနေနဲ့ ကျန်းမာရေးမိသားစုဝင်တွေ ဖြစ်တာနဲ့အညီ ပြည်သူတွေ ကျန်းမာစေဖို့အရေးအတွက် အကြမ်းဖက်စစ်ကောင်စီရဲ့ လိမ်၊ ဖမ်း၊ သတ် – ရက်စက်နှိပ်ကွပ်မှုများကြားကနေ ရတဲ့နည်းနဲ့ ပြည်သူ့ကျန်းမာရေးကို ဦးထိပ်ထားပြီး ဆောင်ရွက်နေပါတယ်။

MFM သပိတ်လည်း ထွက်မြဲထွက်နေသလို ဒေသအသီးသီးမှာ အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရတဲ့ ပြည်သူများအတွက် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဆေးဝါးနဲ့ အကူအညီအထောက်အပံ့များ ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။

ဆေးပညာသင်ကြားရေးနဲ့ ဆေးကုသရေးကိုလည်း မလစ်ဟင်းစေရဘဲ အွန်လိုင်းနဲ့ မြေပြင်မှာ ရတဲ့နည်းနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ လိမ်၊ ဖမ်း၊ သတ်မှုကြောင့် တောတောင်တွေထဲ ပုန်းရှောင်နေရတဲ့ ချင်းပြည်နယ်က ဘေးသင့်ပြည်သူတွေကို ပြုစု၊ ကုသ၊ ပညာပေး၊ အရေးပေါ်ဆေးကုနည်းသင်တန်းပေးဖို့အတွက် အရေးပေါ်ဆေးကုသရေးအဖွဲ့တွေကို MFM အနေနဲ့ စေလွှတ်ခဲ့ပါတယ်။

အခုအခါမှာလည်း ကျန်းမာရေးမိသားစု – မန္တလေး (MFM) ရဲ့ ဆေးကုသရေးအဖွဲ့တွေဟာ ချင်းပြည်နယ်မှာသာမက ကချင်ပြည်နယ်မှာလည်း ဖြန့်ကျက်ရောက်ရှိနေပြီး ကချင်လူထုရဲ့ ကျန်းမာရေးကို ပြုစုကုသပေးလျက်ရှိကြတဲ့ မှတ်တမ်းဓာတ်ပုံအချို့ကို ရဟန်းရှင်လူ၊ ပြည်သူသိရှိအောင် မျှဝေလိုက်ရပါတယ်။

ပြည်သူ့အားသာ မပါခဲ့ရင် MFM အတွက် အချည်းနှီးပါပဲ။ ရဟန်းရှင်လူ၊ ပြည်သူအပေါင်းရဲ့ စုပေါင်းထည့်ဝင်လှူဒါန်းမှုတွေကြောင့်သာ ပြည်သူက ပြည်သူကို အချင်းချင်း စောင့်ရှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။MFM ရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်လှူဒါန်းကြဖို့ ပြည်သူ့အကျိုးကို ရည်မျှော်ကိုးလို့ နှိုးဆော်ဖိတ်မန္တကပြုလိုက်ရပါတယ်။

စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမယ်။

အရေးတော်ပုံ အောင်ရမယ်။ အောင်ကို အောင်ရမယ်။ အောင်ကို အောင်နေပြီ။

Scroll to Top