This morning, we all were so devastated by the tragic news about the death of Dr Maung Maung Nyein Tun, a 45 year old surgeon from Mandalay, who was arbitrarily abducted by the junta.
He had been suffering from Covid-19 for multiple days while being detained and did not receive any proper treatment up till 9th day of onset of symptom. It was such a heartbreaking moment for Medical Family of Myanmar to lose a surgeon like him who helped tons of patients with multiple surgical operations especially during the coup – many of them were free of charge.
On June 13, Dr Maung Maung Nyein Tun & his spouse Dr Swe Zin Oo were arrested with the sole reason of contacting to National Unity Government – NUG. He was one of the doctors who joined the civil disobedience movement after military coup happened in Myanmar on February 1. Since then, doctors and other medical persons were targeted as this field initiated CDM, which later spread to other sectors nationwide.
Dr Maung Maung Nyein Tun was such a well-known surgeon and adored by his colleagues due to his kindhearted & friendly nature. He tried to start an online consultation programme, which would help thousands of people during third wave of Covid, before he was abducted in June. Soon after being detained, he was thought to be infected by Covid 19 on July 19 – during interrogations & his health condition worsened a few days later.
He failed to receive required medical treatment in time and was transferred to Mandalay General Hospital on July 28. On Aug 8, his family confirmed the news that he passed away at 6:48am – in custody.
Dr Maung Maung Nyein Tun will live forever in the memory of Myanmar medical family as a symbol of hero in Spring Revolution 2021.
The world has lost such a wonderful person. Rest In Power Sayar.
ကျန်းမာရေးမိသားစု – မန္တလေးအထူးဝမ်းနည်းကြောင်း သဝဏ်လွှာ (၈-၈-၂၀၂၁)
ဆေးတက္ကသိုလ် (မန္တလေး)၊ ခွဲစိတ်ကုပညာဌာနမှ ကထိကတစ်ဦးဖြစ်သူ ဒေါက်တာ မောင်မောင်ငြိမ်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ထားစဉ် အတွင်း COVID-19 ရောဂါ ကူးစက်ခြင်းခံရကာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် အသက်ပေးလှူသွားခဲ့ရပြီ ဖြစ်ပါသည်။
ဒေါက်တာမောင်မောင်ငြိမ်းထွန်းကဲ့သို့ ပြည်သူများက အင်မတန် အားကိုးရသော ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး ကျဆုံးသွားမှုအပေါ် ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု – မန္တလေး အနေဖြင့် အထူးပင် ကြေကွဲဝမ်းနည်းရပါသည် ။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ပြည်သူ့ ဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်ထံ ဒူးမထောက်၊ လက်မမြှောက်ဘဲ အဆုံးတိုင်ထိ တိုက်ပွဲဝင်သွားခဲ့သော ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ ရဲရင့်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများ ကို ကျွန်ုပ်တို့အနေဖြင့် အစဉ်ထာဝရ အမှတ်ရလျက် ဦးညွှတ်အလေးပြုနေမည်ဖြစ်ပါသည် ။
ကျွန်ုပ်တို့၏ ရဲဘော် ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့်တကွ ခေတ်အဆက်ဆက်မှ ဒီမိုကရေစီသူရဲကောင်း ရဟန်းရှင်လူပြည်သူများ၏ မပြီးပြတ်သေးသော တော်လှန်ရေး တိုက်ပွဲအား ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့အနေဖြင့် လေးလေးနက်နက် ကတိသစ္စာပြုပါသည် ။
၂၀၂၁ ခုနှစ်၊ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း အကြမ်းမဖက်နည်းဖြင့် အကြမ်းဖက် လူသတ်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားခဲ့ရသော ရဲဘော် ဒေါက်တာမောင်မောင်ငြိမ်းထွန်းအား ဖယ်ဒရယ်မော်ကွန်းဝင် ပြည်သူ့သူရဲကောင်း အာဇာနည်တစ်ဦး အဖြစ် ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု – မန္တလေးက မော်ကွန်းရေးထိုး ထုတ်ပြန်ကြေညာအပ်ပါသည် ။
ရဲဘော် ဒေါက်တာမောင်မောင်ငြိမ်းထွန်း ကောင်းရာသုဂတိ လားပါစေ။
မြန်မာ့မြေပေါ်တွင် အဓမ္မဝါဒီ အဆုံးတိုင် ကျရှုံးပါစေ။
အရေးတော်ပုံ အောင်ရမည်။