အထူဝမ်းနည်းခြင်းနှင့် သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း

စစ်အာဏာရှင်အား တွန်းလှန်နေသော အမှန်တရား ဘက်တော်သား စေတနာ့ဝန်ထမ်း ဒေါက်တာဇင်လင်းသည် နှင့် သူနာပြုဆရာမ မခင်ခင်ကြွယ် တို့သည် (25. 9. 2021) တွင် မြေနီကုန်းတံတားအဆင်း၌ အကြမ်းဖက် စစ်အုပ်စု၏ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပါသည်။

ဒေါက်တာဇင်လင်း နှင့် သူနာပြုဆရာမ ခင်ခင်ကြွယ် တို့၏ ကျဆုံးမှုအပေါ် ကျွန်ုပ်တို့ ကျန်းမားရေးမိသားစု-မန္တလေး အနေဖြင့် အထူးဝမ်းနည်းကြေကွဲရကြောင်းကို ညိုးငယ်သော စိတ်အားဖြင့် ထုတ်ပြန်အပ်ပါသည်။

ယခုကဲ့သို့ ရဲရင့်တက်ကြွပြီး အမှန်တရားဘက်ကရပ်တည်ခဲ့သော ဒေါက်တာဇင်လင်း နှင့် သူနာပြု မခင်ခင်ကြွယ်တို့အား အား ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် အာဇာနည်သူရဲကောင်းများအဖြစ် သတ်မှတ်ပြီး ကမ္ဘာဆုံးထိတိုင် အောက်မေ့သတိရ ဂုဏ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဒေါက်တာဇင်လင်း၊ သူနာပြု မခင်ခင်ကြွယ် တို့နှင့် ယခုတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်အပေါင်းတို့၏ ပေးဆပ်မှုများနှင့်အတူ ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု-မန္တလေးသည်လည်း စစ်အာဏာရှင်ကျဆုံးပြီး ဒီမိုကရေစီ ရရှိသည်အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဟု ကတိသစ္စာပြုအပ်ပါသည်။

“ဒေါက်တာ ဇင်လင်း နှင့် ဆရာမ ခင်ခင်ကြွယ် ကောင်းရာသုဂတိလားပါစေ”

Scroll to Top