အရမ်း အရေးကြီးတဲ့ Topic တစ်ခုကို ပြောပြပေးချင်ပါတယ်။၉ ရက် အောက်တိုဘာမှာ MFM Tele Edu group ကနေ တော်လှန်ရေးကာလမှာ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကြိုတင်စုဆောင်းထားသင့်တဲ့ အခြေခံဆေးဝါးများအကြောင်းကို ဆရာဝန်တစ်ယောက်နှင့် ဆေးဝါးပညာရှင် (Pharmacist) တစ်ယောက်က လူထုပညာပေး ဆွေးနွေးခန်း တစ်ခု တင်ဆက်မှာ ဖြစ်ပါတယ်။
တော်ရုံတန်ရုံတော့ ဒီအချိန်မှာ အိမ်တိုင်း emergency kit ဆေးဗူးလေးတွေ ဆောင်ထားကြပေမဲ့တကယ်လိုအပ်မယ့် ဆေးဝါးတွေ မကျန်ရှိစေရအောင်၊ လိုအပ်တဲ့အချိန်မှ ဝယ်မရမဖြစ်စေပဲ ကြိုတင်စုဆောင်းထားနိုင်အောင် စတာတွေအပြင်ဆေးဝါးတစ်ခုချင်းစီရဲ့ အသုံးပြုပုံဘေးထွက်ဆိုးကျိုးသိုလှောင်သိမ်းဆည်းပုံတွေကို ဆေးပညာ အသိုင်းအဝိုင်းပြင်ပက လူထုကို ပိုပြီး သိရှိစေဖို့ အသိပညာပေး ဆွေးနွေးခန်းတစ်ခု တင်ဆက်မှာ ဖြစ်ပါတယ်။
ဒီသတင်းလေးကို လူထု အကုန် သိရှိနိုင်ဖို့ ကြိုတင် ဖြန့်ဝေနိုင်ရန် ပြောပြလိုက်ရပါတယ်။ Medical Family – Mandalay(We fight, We win)
Public Talk on အိမ်တိုင်းဆောင်ထား အခြေခံဆေးဝါးများ
Date: 9th October, 2021
Time: 1:00 PM
Register here: https://us02web.zoom.us/…/reg…/WN_82X-JDJwTJO5BOQsyZZwPQ
(ပုံပါ QR Code ကို Scan ဖတ်၍လည်း Register ပြုလုပ်နိုင်သည်)
ယခင် lecture video များကိုလည်း အောက်ပါ youtube channel တွင် ပြန်လည် ကြည့်ရှု သင်ယူနိုင်ပါသည်။MFM group ကို ကူညီသောအားဖြင့်channel ကို Subscribe ပြုလုပ်ပေးနိုင်ပါသည်။ Video Clip များ ကြည့်ရှုရင်း ပေါ်လာသော ကြော်ငြာများအား Skip လုပ်ခြင်း မပြုလုပ်ဘဲ အဆုံးထိ ကြည့်ရှုခြင်းဖြင့် MFM group အား ကူညီလှူဒါန်းမှု ပြုလုပ်နိုင်ပါသည်။ကြော်ငြာ တက်လာဖို့ဆို VPN လေး ကျော်ပြီးမှ ဖွင့်ကြည့်ဖို့တော့ လိိုပါတယ်။