Announcement (10/2021) of Ministry of Health of NUG

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အဖွဲ့ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၁၀/၂၀၂၁)၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်

၁။​အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မလုယက်ဖျက်စီးမှုများနှင့် ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်မှုများကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့မှ ပြည်သူ (၁၀,၀၀၀) ကျော်သည် မြို့ကို စွန့်ခွာ၍ တောတောင်များအတွင်း ပုန်းအောင်းပြေးလွှားနေကြရပါသည်။

၂။ ​အကြမ်းဖက်စစ်ကောင်စီသည် (၂၉-၁၀-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ လူသူကင်းမဲ့ နေသော ထန်တလန်မြို့ရှိ လူနေအိမ်များကို ဖောက်ထွင်းလုယက်ရုံမျှသာမက လက်နက် ကြီးများဖြင့်ပါ ပစ်ခတ်၊ မီးတင်ရှို့ခဲ့သည့်အတွက် (၃၀-၁၀-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းအထိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအပါအဝင် လူနေအိမ်များ၊ စီးပွားရေးလုပ်ငန်းသုံး အဆောက် အဉီးများ စုစုပေါင်းအဆောက်အဉီး (၁၆၀) ကျော်နှင့် ပိုင်ဆိုင်မှုပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးလျက်ရှိပါသည်။

၃။​ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူစိတ်မဲ့၊ မိစ္ဆာစရိုက်ဆန်စွာ အကြမ်းဖက်၊ လုယက်၊ သတ်ဖြတ်၊ မီးတင်ရှို့မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာနက ပြင်းထန်စွာ ရှံ့ချပါသည်။

၄။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီကြောင့် အတိဒုက္ခရောက်နေရသော ဒေသအသီးသီးမှ ပြည်သူများအတွက် ဆေးနှင့် ဆေးပစ္စည်းများ အပါအဝင် လိုအပ်သော အကူအညီ၊ အထောက်အပံ့များကို ပေးပို့ကူညီလျက်ရှိပြီး ထန်တလန်မြို့မှ ပြည်သူများအတွက်လည်း အမြန်ဆုံး ပေးပို့ကူညီသွားမည်ဖြစ်ပါသည်။

၅။ ​အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့အပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ် သိက္ခာကို အလေးအမြတ်ပြု တန်ဖိုးထားကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ် စောင့်ကြည့် သိရှိပြီး အကြမ်းဖက်စစ်ကောင်စီအပေါ် လက်တွေ့ကျ၍ ထိရောက်သော အရေးယူဆောင်ရွက်မှု များကို အချိန်မဆိုင်းတွဘဲ အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

Scroll to Top