Acknowledgement from CIDKP

MFM ၏ “တောင်တန်းပြည်မ ညီညွတ်ရေး” လေးကေကော်သို့ အလှူဒါန

အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တောင်တန်းပြည်မ ညီညီညွတ်ညွတ်၊ လက်တွဲတော်လှန်နေကြသည့်အခိုက်ဝယ် ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ လေးကေကော်ဒေသတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ကျူးကျော်ရန်စမှုများကို KNU နှင့် တိုင်းရင်းသားတပ်ပေါင်းစုများ၊ NUG-PDF တပ်ဖွဲ့ဝင်များ ပူးပေါင်းခုခံတိုက်ပွဲဝင်နေရချိန်လည်းဖြစ်ပါသည်။

ကျန်းမာရေးမိသားစု – မန္တလေး (MFM) အနေဖြင့် တောင်တန်းပြည်မရှိ မည်သည့်ပြည်သူမဆို ကြုံတွေ့ခံစားနေရသည့် သုခ၊ ဒုက္ခမှန်သမျှသည် မိမိတို့၏ သုခ၊ ဒုက္ခကဲ့သို့ပင် မှတ်ယူစာနာခံစားရပါသည်။

သို့ဖြစ်ပါ၍ လေးကေကော်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများထံ Committee for Internally Displaced Karen People – CIDKP မှတစ်ဆင့် မြန်မာငွေ သိန်း (၃၀) ကျပ် ( = ထိုင်းဘတ် ၅၁၉၀၀) ကို ပို့ဆောင်ပေးခဲ့ပါသည်။ MFM ကို အစဉ်ယုံကြည်အားပေးထောက်ခံသော မိဘပြည်သူများ စုပေါင်းထည့်ဝင်သည့် သပြေညိုဖောင်ဒေးရှင်းအလှူ ဖြစ်ပါသည်။

လေးကေကော်ဒုက္ခသည်များအတွက် လိုအပ်သော စားဝတ်နေရေးနှင့် ဆေးကုသရေးလုပ်ငန်များတွင် အသုံးပြုနိုင်ရန်ဖြစ်ပါသည်။

MFM ၏ ထောက်ပို့ကူညီမှုများတွင် ပါဝင်လှူဒါန်းနိုင်ရန် MFM Page ၏ Messenger ကို ဆက်သွယ်နိုင်ပါသည်။

အရေးတော်ပုံ အောင်ရမည်! အောင်ကို အောင်ရမည်!

Scroll to Top