MFM Has Delivered the Funded Money to MDY PDF Battalion 1

မန္တလေးခရိုင် PDF တပ်ရင်း (၁) ဆီကို MFM ၏ ဆွမ်းဆန်စိမ်း အလှူငွေ သိန်း (၇၀) လှူဒါန်းခဲ့ပါတယ် ။

ဒီအဖွဲ့က လစဉ် ရိက္ခာဖိုး သိန်း(၅၀) လှူဒါန်းနေတဲ့ PDF အဖွဲ့မဟုတ်ပါဘူး ။

အခု တပ်ရင်း(၁) ဆိုတာကတော့ မန္တလေးတိုင်း ၊ မန္တလေးခရိုင် PDF ရင်း (၁) ဖြစ်ပါတယ်ခင်ဗျား ။နှစ်ဖွဲ့စလုံးကတော့ NUG ရဲ့ Chain of Command အောကိမှာ ရှိတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဘဲ ဖြစ်ပါတယ် ။ MFM အနေနဲ့ ပြည်သူလူထုမှ ပေးပို့လှူဒါန်းလိုက်သော အလှူငွေများကို မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေး ရဲဘော်များ ၊ စစ်မေများထံ အရောက်ပေးပို့ လှူဒါန်းလျက်ရှိပါသည် ။

ယခု ဒီဇင်ဘာလထဲမှာဆိုရင် MFM ဟာ ဆွမ်းဆန်စိမ်း အလှူရော ၊ ဆေးအလှူရော ဆက်တိုက်ကို လှူဖြစ်နေပါတယ် ။ ဒီလို လှူဒါန်းမှုတွေလုပ်နေနိုင်တာဟာလည်း တော်လှန်ရေးအောင်စိတ်ဖြင့်လှူဒါန်းကူညီပေးကြတဲ့ မိဘပြည်သူများကြောင့်ဘဲ ဖြစ်ပါတယ် ခင်ဗျာ။

အရေးတော်ပုံအောင်ရမည်

Scroll to Top