Announce 1/2022

ပညာရေးနှင့်ကျန်းမာရေး CDM အင်အားစုများပူးပေါင်း၍ CDM လှုပ်ရှားမှုများအရှိန်အဟုန် မြှင့်တင်ပြီး အားကောင်းစေရန်နှင့် CDM ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပိုမိုပြီး ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်လျက် ဘုံရည်မှန်းချက်တူ CDM အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ ပူးပေါင်း နိုင်ရန် ရည်ရွယ်၍ CDMလှုပ်ရှားမှုနှင့် တိုက်ပွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကို စတင် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် တစ်နိုင်ငံလုံးရှိ CDM အရေး လှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်နေကြသော အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် သမဂ္ဂအဖွဲ့များကိုလည်း တော်လှန်ရေး အောင်မြင်မှု ရှေးရှု၍ ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အရေးတော်ပုံအောင်ကို အောင်ရမည် !!!

CDM ကျန်းမာရေးနှင့်ပညာရေးမိသားစု

Scroll to Top