Basic ECG Course – Batch 2

Feedback ကောင်းတွေအများကြီးရခဲ့ပြီး ထပ်ဖွင့်ပေးဖို့ အများစုတောင်းဆိုနေကြတဲ့ Basic ECG Course ကို Batch 2 အနေနှင့် သင်ကြားပေးဖို့ MFM မှ ထပ်မံ စီစဉ်လိုက်ပါတယ်။ တော်လှန်ရေးကာလအတွင်း Junior Doctor များ ၊ General Practitioner များ ၊ သူနာပြု ဆရာဆရာမများ ၊ ဆေးနှင့်ဆေးနှီးနွယ် ကျောင်းသား ကျောင်းသူများကို စဉ်ဆက်မပြတ် Medical Education ပေးနိုင်ရန် “Basic ECG Course – Batch 2″ ကို ​MFM Academic Committee နှင့် USA, Singapore, Myanmar နိုင်ငံမှ Instructor များ ပူးပေါင်းဦးဆောင်၍ ဧပြီ ၃၀ ရက်မှ စတင်ပြီး သင်ကြားပေးမည်ဖြစ်ပါတယ်။

12-lead ECG ကို Systematic Interpretation က စလို့ Normal ECG, Basic Abnormal ECG တွေကိုပါ သင်ကြား ပို့ချ ပေးမှာဖြစ်လို့ Batch-1 မတက်ရောက်လိုက်ရသူတွေအတွက် အကျိူးရှိစေမဲ့ Course လေးတစ်ခုဖြစ်စေမှာပါ။ Course အတွင်း Instructor များမှသတ်မှတ်ထားသည့် Completion criteria နှင့်ကိုက်ညီသူများကို Completion Certificate ပေးအပ်သွားမှာဖြစ်ပါတယ်။Course fee – 10000 kyats ဖြစ်ပြီး ရရှိသမျှကိုတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများကိုလှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

Batch 1 ကို register မလုပ်ခဲ့ရသူတွေအတွက်လည်း batch 2 ကို အမှီ register လုပ်နိုင်ပြီဖြစ်ကြောင်း MFM မှသတင်းကောင်းပါးလိုက်ပါတယ်။ လူဦးရေ ကန့်သတ်ထားပါသဖြင့်သတ်မှတ်လူဦးရေပြည့်ပါက Registration ပိတ်မည်ဖြစ်တယ်။

Course ကိုစိတ်ပါဝင်စားပါက Registration ကို The MFM Academy Telegram channel https://t.me/MFM_Academy မှတဆင့် လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်။

Note: We Have Special Privilege to Our CDM Heroes

The MFM Academic Committee

We Fight, We Win

Scroll to Top