Certificate of Recognition

ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု-မန္တလေး (MFM) သည် စစ်ကောင်စီမှ မတရား အာဏာစတင်သိမ်းယူချိန် ဖေဖော်ဝါရီလမှစ၍ ယနေ့အချိန်ထိ ပြည်သူနှင့်အတူ ရှေ့တန်းမှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လျက်ရှိပါသည်။

ယခု Covid-19 ကပ်ရောဂါ တတိယလှိုင်းအတွင်းတွင်လည်း ပြည်သူလူထုအား ကပ်ရောဂါနှင့်ပတ်သက်၍ MFM ၏ Covid – 19 Telegram Channel မှတဆင့် မြောက်များစွာသော ကိုဗစ်လူနာများအား ကုသပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ဆေးနှင့်နှီးနွယ် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျန်းမာရေးနှင့်သက်ဆိုင်သော သင်ခန်းစာများ အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့သလို၊ ဆက်လက်၍လည်း သင်ကြားပို့ချပေးလျက် ရှိပါသည်။

ထို့ကြောင့် မိမိတို့ Medical Family Mandalay (MFM) ၏ Covid – 19 တတိယလှိုင်းကာလအတွင်း ပြည်သူလူထုအပေါ် အကျိုးပြုနိုင်မှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ဝမ်းမြောက်စွာ အသိအမှတ်ပြုကြောင်း ဂုဏ်ပြုလွှာနှင့်တကွ မှတ်တမ်းတင်လက်ခံရရှိအပ်ပါသည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု-မန္တလေးအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဥ်များကို ဆထက်ထမ်းပိုး လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့်လည်း မိမိတို့နှင့်အတူ “စစ်အာဏာရှင်တော်လှန်ရေး” အရေးတော်ပုံ အောင်မြင်ပြီးမြောက်သည်အထိ တိုက်ပွဲဝင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

Scroll to Top