Certificate of Recognition !

ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု-မန္တလေး (MFM) သည် စစ်ကောင်စီမှ မတရား အာဏာစတင်သိမ်းယူချိန် ဖေဖော်ဝါရီလမှစ၍ ယနေ့အချိန်ထိ ပြည်သူနှင့်အတူ ရှေ့တန်းမှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လျက်ရှိပါသည်။

ယခုအခါတွင်လည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ကာ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရထံသို့သို့ အလှုငွေ မြန်မာကျပ် ၅,၀၀၀,၀၀၀ ( မြန်မာငွေကျပ် ၅ သန်းတိတိ) ကို ပါဝင်လှူဒါန်းပေးခဲ့ပါသည်။ထို့ကြောင့် မိမိတို့ Medical Family Mandalay (MFM)သည် ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ဝမ်းမြောက်စွာ အသိအမှတ်ပြုကြောင်း ဂုဏ်ပြုလွှာနှင့်တကွ မှတ်တမ်းတင်လက်ခံရရှိအပ်ပါသည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု-မန္တလေးအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဥ်များကို ဆထက်ထမ်းပိုး လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့်လည်း မိမိတို့နှင့်အတူ “စစ်အာဏာရှင်တော်လှန်ရေး” အရေးတော်ပုံ အောင်မြင်ပြီးမြောက်သည်အထိ တိုက်ပွဲဝင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

Scroll to Top