Combat Medic Training

Medical Family Mandalay မှ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ် များမှ ကျောင်းသား ကျောင်းသူ များအတွက် Combat Medic Training Course ကို နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်း၍ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

သင်တန်းကာလ မှာ တစ်ပတ် ဖြစ်၍ သင်တန်း အောင်မြင် ပြီးဆုံးပါက အောင်လက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။ အခြေအနေ အရ လူဦးရေ အနည်းငယ် သာ သင်ကြားပေးနိုင်မည် ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများ၊ သမဂ္ဂများနှင့် ဆက်သွယ် ဆောင်ရွက်သွားပါမည်။

MFM အနေဖြင့် ယခုကဲ့သို့သော သင်တန်းမျိုးကို စဉ်ဆက်မပြတ် ပို့ချပေးမည်ဖြစ်ပြီး အခြားသော တက္ကသိုလ်များ မှကျောင်းသား ကျောင်းသူ များတက်ရောက်နိုင်ရန် အတွက်လဲ အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

Non Medical Person များအတွက် Combat Medic Training အပတ်စဉ် (၁) ကိုအောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့ပြီး အပတ်စဉ် (၂) နှင့် (၃) ကို ယခု လအတွင်း ဆက်လက်သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

ကျန်းမာရေး မိသားစု (MFM) ၏ သင်တန်းများ အားလုံးကို အဆင်ပြေ ချောမောစွာ နှင့် အဆင့်အတန်းမှီစွာ ပို့ချနိုင်ရန် အတွက် ကြိုးစားပေးကြသော ပြည်တွင်း ပြည်ပမှ ဆရာ ဆရာမ များ၊ ငွေအား လူအား ဖြင့် ကူညီပေးကြသော ပြည်တွင်း ပြည်ပမှ တော်လှန်ရေး ညီအစ်ကို မောင်နှမများ၊ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ် ပါသည်။

အရေးတော်ပုံ အောင်ရမည်

Scroll to Top