ကိုဗစ်-၁၉ မျိုးကွဲသစ် အွန်မိုက်ခရွန်(Omicron)ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေအသစ်များ
နိုဝင်ဘာ ၂၆ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကနေပြီးတော့ Covid-19 မျိုးကွဲသစ် Omicron ဗိုင်းရပ်စ်ကို စတင်နာမည်သတ်မှတ်ကာ ကမ္ဘာကို အသိပေးခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ ဒီမျိုးကွဲသစ်ကို သတိထားရမယ့် မျိုးကွဲအနေနဲ့ သတိပေးခဲ့ပါတယ်။
3.12.2021 ည ၁၀ နာရီ အချိန်ထိ GISAID website မှ data ကောက်ယူမှုအရ တစ်ကမ္ဘာလုံးတွင်Omicronတွေ့ရှိသောလူနာပေါင်း ၄၉၂ ယောက် ရှိပြီး ကူးစက်ခံထားရသောနိုင်ငံအရေအတွက် ၃၇နိုင်ငံရှိပြီ ဖြစ်ပါတယ်။
အိမ်နီးချင်း နိုင်ငံတွေအနေနဲ့မလေးရှား မှာ ၁ ယောက်စင်္ကါပူမှာ ၂ယောက်အိန္ဒိယမှာ ၂ ယောက် Omicron မျိုးကွဲသစ်ကို တွေ့ရှိရပြီ ဖြစ်ပါတယ်။
နေ့စဥ် Update များကို မနက်ပိုင်းမှာ တင်ပြပေးသွားပါမည်။