GET VACCINATED !!!

အရေးပေါ် ကြေညာချက်

CDC (Centers for Disease Control and Prevention) အဖွဲ့ကြီး၏ အဆိုအရ —သင်သည် ကိုယ်ဝန်ဆောင်မိခင်ဖြစ်လျှင်/ မကြာသေးမီကကိုယ်ဝန်ရှိခဲ့လျှင် (သို့) ကိုယ်ဝန်ယူရန်အစီအစဉ်ရှိပါက COVID-19 ကာကွယ်ဆေးအား အတတ်နိုင်ဆုံး အမြန်ဆုံးထိုးပါ။

COVID-19 ကာကွယ်ဆေးထိုးခြင်းသည် ကိုယ်ဝန်ဆောင်မိခင်အား COVID-19 ပြင်းထန်သော ဖျားနာမှုမှကာကွယ်ပေးနိုင်ပြီး ကျန်းမာသောမိခင်တစ်ဦးသည် ကျန်းမာသောကလေးငယ်အတွက်အရေးကြီးသည်။

COVID-19 ရောဂါ ကူးစက်ခံရသော ကိုယ်ဝန်ဆောင်များသည် ICU (အထူးကြပ်မတ်ဆောင်)သို့ ၀င်ရောက်ကုသရနိုင်ဖွယ် ရှိခြင်း၊ အသက်ရှူစက်တပ်ဆင်ရခြင်း၊ COVID-19 ကြောင့် သေဆုံးနိုင်ခြေရှိခြင်း စသည့် အကြောင်းအချက်များတွင် ကိုယ်ဝန်ဆောင်မဟုတ်သော သူများနှင့် နှိုင်းယှဥ်ပါက ဖြစ်နိုင်ချေ ပိုများပါသည်။

COVID-19 ရောဂါကူးစက်ခံစားရသောကိုယ်ဝန်ဆောင်များသည် COVID-19 ရောဂါမရှိသော ကိုယ်ဝန်ဆောင်များနှင့်နှိုင်းယှဉ်လျှင်လမစေ့ဘဲမွေးဖွားခြင်း (၃၇ ပတ်ထက်စော၍ ကလေးမွေးဖွားခြင်း) ကိုပိုခံစားရလေ့ ရှိပါသည်။

ကာကွယ်ဆေးထိုးခြင်း၏ အကျိုးကျေးဇူးများသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့၏ကလေးငယ်များအတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် နှိုင်းယှဥ်ပါက အကျိုးကျေးဇူးပိုမို ရရှိစေနိုင်သောကြောင့် COVID-19 ကာကွယ်ဆေးကို အဆောတလျင် ထိုးထားသင့်ပေသည်။

ပိုမိုလေ့လာရန် https://bit.ly/2WWh9hT

Scroll to Top