On May 16 . 2021 , Interim university council of University of Pharmacy Mandalay was established.
ကျွန်ုပ်တို့ ဆေးဝါးတက္ကသိုလ်-မန္တလေး ယာယီတက္ကသိုလ် ကောင်စီ အနေဖြင့် ရှေ့ဆက် လုပ်ဆောင်မည့် ကောင်စီ၏ ကြေညာချက်များနှင့် လုပ်ငန်းဆောင်တာများအား အောက်ပါ page (ဆေးဝါးတက္ကသိုလ်-မန္တလေး ယာယီတက္ကသိုလ်ကောင်စီ၏ လူမှုကွန်ယက် စာမျက်နှာ – https://www.facebook.com/Interim-University-Council-of-University-of-PharmacyMandalay-109937594607815/ ) မှ အသိပေးကြေညာ၍ မိမိတို့ တက္ကသိုလ်၏ ဘက်စုံ တိုးတက်ဖွံ့ဖြိုး ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ သို့ဖြစ်ရာ ယနေ (၁၆.၅.၂၀၂၁) ရက်နေ့မှစ၍ မိမိတို့ ယာယီတက္ကသိုလ်ကောင်စီ၏ လုပ်ငန်းစဥ်များနှင့် ကြေညာချက်များအတွက် အထက်ပါ Facebook page ကိုသာ အသုံးပြုသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ဆေးဝါးတက္ကသိုလ်-မန္တလေး ယာယီတက္ကသိုလ်ကောင်စီ