June 19 Flower Strike


Coming June 19, 2021 will be the 76th birthday of unlawfully detained State Counselor Aung San Suu Kyi.

Let all our people go on the June 19 Flower strike in honour of State Counselor Aung San Suu Kyi, thousands of political prisoners including monks and students

The meaning of this flower strike is that our people will not be afraid and terrified by the brutal violence of these military dictators, our perseverance will not diminish and the revolution will go on.

လာမယ့် ဇွန်လ ၁၉ ရက် ၂၀၂၁ ခုနှစ်သည် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၆) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံခေါင်းဆောင်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အသိအမှတ်ပြု၊ အောက်မေ့သောအားဖြင့် ကျွန်တော်တို့ ပြည်သူလူထုအားလုံး ပန်းသပိတ်ဆင်နွှဲကြပါစို့။ဒီပန်းသပိတ်ရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးကို နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ဟာ အာဏာရူးတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်၊ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကကော၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး မြင်တတ်ကြတယ်မို့လား။ဒါ့ကြောင့် ကျနော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ ပန်းသပိတ်ဆင်နွှဲကြပါစို့။

ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။လူထုအားလုံးက အဲ့နေ့မှာ ပန်းပန်ကြမယ်၊ လမ်းမထက်က အမျိုးသား၊ အမျိုးသမီးအားလုံးကို ပန်းပန်ထားကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားချင်ပါဘူး။ မိမိနှစ်သက်ရာ၊ အဆင်ပြေရာ၊ အလျဉ်းသင့်ရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။

အာဏာရူးတွေ လက်နက်အားကိုး ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်း သက်သေပြကြပါစို့။အဲ့နေ့အတွက် ကျနော်တို့ရဲ့ ပင်မကြွေးကြော်သံကတော့ကြောက်ခေတ်ကိုမှောက်ပစ် Freedom from Fearတို့ ဖြစ်ပါတယ်။

Scroll to Top