Medical Family Mandalay Tele-medicine Telegram Channel for COVID-19 Suspect Patients

Currently the number of reported cases of covid-19 is on the rise in Myanmar. Due to various situations in Myanmar now , most people find it difficult to get access to necessary medical care. This leads to rising number of new cases and death.

This program is for patients who doesn’t need to be hospitalized.

*** ကိုဗစ် သံသယလူနာများအတွက် Medical Family – Mandalay (MFM) ၏ ကျန်းမာရေးစောင့်ရှောက်မှု Telegram Channel အစီအစဉ် ***

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု များပြားလျက်ရှိသည်။ အခြေအနေ အရပ်ရပ်ကြောင့် လူနာအများစုမှာ ဆရာဝန်နှင့် တွေ့ရန် ခက်ခဲခြင်း၊ လိုအပ်သော ကုသမှုများ မရနိုင်ခြင်း၊ ထိရောက်သော ဆေးပညာရပ်ဆိုင်ရာ အကြံပေးချက်များ မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးမှုများ ၊ အခြားသူများထံသို့ ရောဂါပိုး ကူးစက်မှုများကို နေ့စဉ်နှင့်အမျှ တွေ့ရှိနေရပါသည်။

ထို့ကြောင့် ဆေးရုံတက်၍ ကုသရန် မလိုအပ်သော (ပြင်းထန် ကိုဗစ်ရောဂါ မဟုတ်သော) လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရန် ဤအစီအစဉ်အား စတင်လိုက်ပါသည်။

ကိုဗစ်သံသယ လူနာများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ၊ ကုသမှုများ ခံယူရန်အတွက် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ အောက်ပါ Telegram Link မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်ရပါမည်။ https://t.me/MFM_Covid_Telemed

လူနာအမျိုးအစားပေါ်မူတည်၍ အကြံပေးကုသမှုများ ပြုလုပ်ရာတွင် message ဖြင့်သာ ဖြေကြားခြင်း၊ Telephone or Video call ခေါ်၍ ကုသ အကြံပေးခြင်း စသည်ဖြင့် ကွာခြားမည်ဖြစ်ပါသည်။ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သော ကိုဗစ်သံသယလူနာများအတွက် ကျန်းမာရေးမိသားစု — မန္တလေးက အရေးတော်ပုံ အောင်မြင်သည့်အချိန် အထိ အတတ်နိုင်ဆုံး ကြိုးစားကုသပေးမည် ဖြစ်ပါသည်။

အရေးတော်ပုံ အောင်ရမည်

Medical Family – Mandalay (We Fight, We Win)

Scroll to Top