Medical Family Mandalay’s Emergency Announcement To Public

ပြည်သူလူထုထံသို့ ကျန်းမာရေးမိသားစု – မန္တလေး ၏အရေးပါ်ကြေညာချက်

အားလုံးမျှော်လင့်နေတဲ့ ပြည်သူ့တော်လှန်ရေးကာလ ရောက်လာပါပြီ။Medical Family Mandalay သည် ၂၀၂၁ ဖေဖော်ဝါရီလမှစတင်၍ အာဏာရှင်ပြုတ်ကျရေးအတွက် “ကျန်းမာရေးမိသားစု – မန္တလေး” သပိတ်စစ်ကြောင်းနှင့်အတူ နည်းမျိုးစုံသုံးကာ ဆန့်ကျင်တော်လှန်ခဲ့ကြပါသည်။

ယခုတော်လှန်ရေးကာလအတွင်းတွင်လည်း Medical Family Mandalay သည် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားလုံးနှင့်ပူးပေါင်းကာ အတူတကွတိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။Medical Family Mandalay အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် လိုအပ်သော အရေးပေါ်ကုသမှုများ၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။

ဆေးဝါး၊ရိက္ခာစုဆောင်းပို့ဆောင်ရေးနှင့် သတင်းအချက်အလက်စီးဆင်းရေးအတွက် လိုအပ်သောအစီအစဉ်များကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။လိုအပ်သော လူအား၊ငွေအားဖြည့်တင်းမှုများကိုလည်း ထပ်မံတိုးချဲ့အင်အားဖြည့်ထားပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အရေးတော်ပုံမှာ အောင်တော့မည်ဖြစ်ပြီး အာဏာရှင်စနစ်သည်လည်း မြန်မာ့မြေပေါ်မှ မကြာမှီပပျောက်သွားတော့မည် ဖြစ်ပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးစေ ။

Scroll to Top