MFM Page အနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အွန်မိုက်ခရွန်(Omicron)ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေများ

MFM Page အနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အွန်မိုက်ခရွန်(Omicron)ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေများ၏ နေ့စဥ် update data များကို တင်ပေးခဲ့သည်မှာ တစ်လပြည့်ခဲ့ပြီ ဖြစ်ပါသည်။

Data များကို GISAID, newsnode.com နှင့် omicron data Wikipedia မှ အချက်အလက်ကောက်ယူမှုများကို အခြေခံ၍ ဖော်ပြပေးခဲ့ပါသည်။ယခုအခါ အချို့သော နိုင်ငံများသည် omicron ဗိုင်းရပ်စ် ကူးစက်ခံရသော လူနာအရေအတွက်နှင့် ယခင်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသော လူနာအရေအတွက်များကို ခွဲခြားမဖော်ပြတော့ဘဲ ပေါင်း၍ ထုတ်ပြန်သောကြောင့် တစ်ကမ္ဘာလုံး၏ omicron ဗိုင်းရပ်စ် သက်သက် ကူးစက်ခံရသော လူနာအရေအတွက်ကို ဖော်ပြထုတ်ပြန်ရန် ခက်ခဲလာပါသည်။

ထို့ကြောင့် MFM Page ၏ omicron ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ တင်ပြမှုကို ခဏတာ ရပ်ဆိုင်းထား၍ ကူးစက်မှု အခြေအနေ ထူးခြားမှုများ ရှိလာပါက ပြန်လည် တင်ဆက်ပေးသွားပါမည်။ တစ်လအတွင်း Omicron ဗိုင်းရပ်စ်နှင့်ပတ်သက်၍ တင်ဆက်ဖော်ပြထားသော youtube video clip များကို MFM Tele Edu Youtube channel တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MFM group ကို ကူညီသောအားဖြင့်channel ကို Subscribe ပြုလုပ်ပေးနိုင်ပါသည်။ Video Clip များ ကြည့်ရှုရင်း ပေါ်လာသော ကြော်ငြာများအား Skip ​လုပ်ခြင်း မပြုလုပ်ဘဲ အဆုံးထိ ကြည့်ရှုခြင်းဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေးကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ ပံ့ပိုးနေသော MFM group အား ကူညီလှူဒါန်းမှု ပြုလုပ်နိုင်ပါသည်။ကြော်ငြာ တက်လာဖို့ဆို VPN လေး ကျော်ပြီးမှ ဖွင့်ကြည့်ဖို့တော့ လိိုပါတယ်။

Link ကို နှိပ်ပါ။

https://youtube.com/playlist…

Scroll to Top