ယခု ဆင်နွှဲနေတဲ့ ခုခံတွန်းလှန်စစ်မှာ ဆလိမ် များဟာ အင်မတန်အရေးပါပါတယ် ။ အဲ့ဒါတွေကတော့ ဆန် ၊ ဆီ (လောင်စာဆီ)၊ ဆေး ၊ ပိုက်ဆံ ၊ တို့ပဲ ဖြစ်ပါတယ် ။
MFM အနေနဲ့ ဆန် ၊ ပိုက်ဆံနဲ့ ကိုတော့ဖြင့် MFM အနေနဲ့ ဆွမ်းဆန်စိမ်း အလှူငွေဆိုတဲ့ ခေါင်းစဉ်နဲ့ အလှူလက်ခံပြီး တော်လှန်ရေးအဖွဲ့များထံ တဆင့်ပို့ဆောင်ပေးပါတယ် ။MFM ကို တိုက်ရိုက်လှူတဲ့ အလှူငွေများကိုတော့ PDF ရဲဘော်များနှင့် ပြည်သူများအတွက် ဆေးဝါးအလှူများကို တောက်လျှောက်လှူပေးနေပါတယ် ။
အခုတစ်ခါမှာတော့ ဒေသတစ်ခုမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ ဆေးဝါးများ ပေးပို့လှူဒါန်းခဲ့ပါတယ် ။ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း (၃၀) ကျော်ဖိုး ရှိပါတယ် ။ခုခံတွန်းလှန်စစ်အတွင်း အရေးပါတဲ့ ဆလိမ် များကို မိဘပြည်သူများအနေနဲ့ MFM ကတစ်ဆင့် ဆက်လက်လှူဒါန်းနိုင်ပါကြောင်း ခိုင်မာသော တော်လှန်ရေးသစ္စာဖြင့် – MFM





