Monthly 5000K Challenge

မိဘပြည်သူများကို မကြာခဏ အလှူခံရတာလည်း အားနာပါတယ်ရှင့် ။

အခုတခေါက်ကတော့ Big issue ဖြစ်တဲ့ အတွက် ပိုပြီး အားတောင့်အားနာဖြစ်ရပါတယ်။ အောက်က ပုံလေးမှာ ပြထားတဲ့အတိုင်း မန်းလေးတိုင်းဒေသ PDF တပ်ရင်း တပ်ဖွဲ့ စုဖွဲ့မှုတခုဆီ လစဉ် (လစဉ်) ရိက္ခာဖိုး အလှူခံချင်ပါတယ်ရှင့် ။ ရိက္ခာဖိုး သိန်း (၅၀) ဆိုသော်ငြားလည်း အဆိုပါ သိန်း (၅၀) ဟာ တလအတွင်း စုစုပေါင်း ရိက္ခာဖိုးမဟုတ်သေးပါဘူး ။ တလအတွင်းရိက္ခာဖိုးချည်း သိန်း (၅၀) မက ကုန်ကျပါတယ် ။

▪️အဆိုပါ ရိက္ခာဖိုးကုန်ကျစရိတ် စုစုပေါင်းထဲကမှ တစိတ်တဒေသဖြစ်တဲ့ သိန်း (၅၀) ပမာဏကို ကျွန်မတို့ MFM မှ တာဝန်ဝင်ထမ်းပေးခြင်းဖြစ်ပါတယ်

▪️ အားနာပေမယ့်လည်း ကျွန်မတို့ရဲ့ ရဲဘော်များအတွက် ကျွန်မတို့တွေဘဲ ရှိတာမလို့ မိဘပြည်သူများအနေဖြင့်လည်း ရာဂဏန်း ၊ ထောင်ဂဏန်းကစလို့ လစဉ် ပုံမှန် လှူဒါန်းပေးကြရင် ရိက္ခာအခက်အခဲ ပြေလည်သွားမယ်လို့ ယုံကြည်ပါတယ်

နှမ်းစေ့လေးများ စုပေါင်းခြင်းဖြင့် တော်လှန်ရေးဆီအိုးကြီး ပြည့်လျှံဖို့ မိဘပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းပေးကြပါရန် ကျွန်မတို့ MFM မှ တော်လှန်ရေးအောင်စိတ်ဖြင့် ဖိတ်ခေါ်အပ်ပါသည်ရှင့်

Scroll to Top