Myanmar Health Matters Campign February First Week

မြန်မာနိုင်ငံ ကျန်းမာရေးလုပ်သားများ၏ ရဲဝံ့သတ္တိရှိမှုကို ဂုဏ်ပြုနိုင်ရေးအတွက် #MyanmarsHealthMatters ဆိုရှယ်မီဒီယာ Campaign တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ခြင်း (Feb 1 – 7, 2022)

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပထမရက်သတ္တပတ်တာကာလ)

အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရက်စက်မှုများ၊ အခက်အခဲများ ရှိသည့်တိုင် ပြည်သူတို့အား နည်းလမ်းအသွယ်သွယ်ဖြင့် ပြုစုကုသစောင့်ရှောက်လျက်ရှိသော ကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်သားများကို အားပေးဂုဏ်ပြုသည့်အနေဖြင့် လူမှုကွန်ရက်များအသုံးပြု၍ အွန်လိုင်းလှုပ်ရှားမှုတစ်ရပ် (Online campaign) ကို လုပ်ဆောင်ပေးရန်ဖြစ်ပါသည်။

ယခုလှုပ်ရှားမှုတွင် အောက်ပါအချက်များကို ပြုလုပ်ပြီး ပါဝင်နိုင်ပါသည်။

  • နောက်ခံအနီရောင်ဖြင့် ရိုက်ကူးထားသော မိမိ၏ ဓာတ်ပုံကို မိမိ၏ လူမှုကွန်ရက်များ (Facebook, Instagram, Twitter စသည်) တို့တွင် Profile picture ယာယီထားရှိပေးပါ။
  • (၁-၂-၂၀၂၂) ရက်နေ့မှ (၇-၂-၂၀၂၂) ရက်နေ့အထိ အနည်းဆုံး တစ်ပတ်ခန့် Profile picture ထားရှိရန်ဖြစ်ပြီး ဖေဖော်ဝါရီလ (၁) လတာ သို့မဟုတ် ရက်အကန့်အသတ်မရှိလည်း ဆက်လက်ထားရှိနိုင်ပါသည်။
  • အနီရောင် နံရံ သို့မဟုတ် ခန်းဆီး/ကန့်လန့်ကာ/လိုက်ကာကို နောက်ခံထား၍ ဓာတ်ပုံရိုက်ခြင်း (သို့မဟုတ်) နည်းပညာအသုံးပြု၍ နောက်ခံအရောင် ပြောင်းလဲခြင်းများကို လုပ်ဆောင်နိုင်ပါသည်။
  • ZOOM (သို့မဟုတ်) Microsoft Teams တွင် ဝင်ရောက်၍လည်း Virtual background အနီရောင်အသုံးပြု၍ Screenshot ပြုလုပ်နိုင်ပါသည်။
  • ပြီးလျှင် မိမိ၏ ဓာတ်ပုံနှင့်အတူ #MyanmarsHealthMatters ဟု တွဲရေးပြီး တင်ရပါမည်။
  • ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ကိုယ်တိုင်ပါဝင်နေပါက ထိုလှုပ်ရှားမှုဓာတ်ပုံများကိုပါ တွဲ၍အသုံးပြုနိုင်ပါသည်။

To stand in #solidarity with #Myanmar’s #HealthWorkers who courageously deliver healthcare while fighting for their rights, an online campaign driven through social media will also take place in February, 2022. Two main asks are being made:

  1. Temporarily change your social media profile picture so that it contains a red background. This can be done simply by taking a new photo against a red background (such as a wall or curtain). Alternatively, you can create a new photo digitally by adding a red Virtual Background on Zoom or Microsoft Teams and taking a screenshot.
  2. Share your message of solidarity with the hashtag #MyanmarsHealthMatters. If you’re taking part in any in-person health care activities within your local community, be sure to take a photo and share it on social media!

Social media တွင် မိမိ၏ ဓာတ်ပုံနှင့်အတူတွဲ၍ တင်ရမည့် နမူနာစာသားများ
(Below you can find sample social media posts that we encourage you to share)

  1. Today, and every day, I stand in #solidarity with #Myanmar’s #HealthWorkers who courageously deliver healthcare while fighting for their rights. #MyanmarsHealthMatters
  2. One year on from #Myanmar’s military #coup and the need for global solidarity is stronger than ever. Join me and stand with #HealthWorkers as they continue to serve their communities in a time of #crisis. #MyanmarsHealthMatters
  3. I hope for a safer and healthier future for the people of #Myanmar. Until then, I will continue to stand in #solidarity by sharing the stories of #HealthWorkers in Myanmar and amplifying their voices. #MyanmarsHealthMatters
Scroll to Top