Omicron Update December 19

ကိုဗစ်-၁၉ မျိုးကွဲသစ် အွန်မိုက်ခရွန်(Omicron)ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေအသစ်များ

နိုဝင်ဘာ ၂၆ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကနေပြီးတော့ Covid-19 မျိုးကွဲသစ် Omicron ဗိုင်းရပ်စ်ကို စတင်နာမည်သတ်မှတ်ကာ ကမ္ဘာကို အသိပေးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ ဒီမျိုးကွဲသစ်ကို သတိထားရမယ့် မျိုးကွဲအနေနဲ့ သတိပေးခဲ့ပါတယ်။

19.12.2021 ည ၁၀ နာရီ အချိန်ထိ Data Source from GISAID and Omicron Variant Wikipedia မှ အချက်အလက် ကောက်ယူမှုအရ တစ်ကမ္ဘာလုံးတွင်Omicronတွေ့ရှိသောလူနာပေါင်း ၁၃၅၆၁ ယောက် ရှိပြီး ကူးစက်ခံထားရသောနိုင်ငံအရေအတွက် ၉၃နိုင်ငံရှိပြီ ဖြစ်ပါတယ်။

Reuters သတင်းဌာန၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့၊ ယူကေနိုင်ငံတွင် အွန်မိုက်ခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာထဲမှ ပထမဆုံး သေဆုံးသူ ရှိလာပြီ ဖြစ်ပါတယ်။

နေ့စဥ် Update များကို မနက်ပိုင်းမှာ တင်ပြပေးသွားပါမည်။

Scroll to Top