Online Campaign (Red Strike and 8 Fingers Strike)

ကျန်းမာရေးမိသားစုဝင်များ၊ ပြည်သူများ ပါဝင်ထားသည့် ကျန်းမာရေးမိသားစု – မန္တလေး (Medical Family – Mandalay MFM) ၏ ” သွေးကြွေးဆပ်မယ့် မျိုးဆက်သစ်၊ ၈ ရက် ၈ လ ၂၁ ” ၈၈၈၈ (၃၃) နှစ်ပြည့် အထိမ်းအမှတ်

Online Campaign (Red Strike & 8 Fingers Strike) (၈-၈-၂၀၂၁)အထက်ပါအစီအစဉ်တွင် ပါဝင်နိုင်ရေးအတွက် တော်လှန်ရေး 8 Fingers အနီရောင်ဓာတ်ပုံများ ပေးပို့ပါရန် ယမန်နေ့က ဖိတ်ခေါ်ခဲ့ပါသည်။ ကျန်းမာရေးမိသားစုဝင်များ၊ ပြည်သူများ ဦးရေ (၁၂၀) ကျော်က တော်လှန်သော ဓာတ်ပုံများ ပေးပို့ခဲ့ကြပါသည်။

အဆိုပါ တော်လှန်သော ဓာတ်ပုံများကို စုစည်း၍ ကျန်းမာရေးမိသားစု – မန္တလေးက “၈၈ က သွေးကြွေးဟောင်းကို ၂၁ မှာ အပြီးတောင်း” လိုက်ရပေသည်။

တော်လှန်သော ဓာတ်ပုံများထဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းခံရသော မန္တလေးမှ ကျန်းမာရေးမိသားစုဝင်အချို့နှင့် လူမဆန်စွာ ညှင်းပန်းသတ်ဖြတ်ခံရသော မန္တလေးမှ ကျန်းမာရေးသူရဲကောင်းအချို့၏ ဓာတ်ပုံများကိုလည်း ထည့်သွင်းထားပါသည်။

စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည်။အရေးတော်ပုံ အောင်ရမည်။

Scroll to Top