အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်း၍ အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ Online Virtual Platform ဖြင့် ကျင်းပပြုလုပ်လျက်ရှိပါသည်။
ညီလာခံဖွင့်ပွဲကို (၂-၈-၂၀၂၁) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ Moderator အဖြစ် ပဒိုမန်းမန်းက ဆောင်ရွက်ပြီး BMA Chairperson ဒေါက်တာစင်သီယာမောင်၊ KNPP Vice Chairperson ခူးဦးရယ် (Khu Oo Reh) နှင့် NUG အစိုးရ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ