During isolation at your home when you can’t go to covid-19 control center or community-based center , be sure to follow these safety precautions so that your beloved ones won’t get infected.
Prepare well-ventilated isolation room or isolated space.
Keep your accessories separate . If you have to share with others , wash your hands thoroughly with soap and water for 20 seconds before and after handling or use hand sanitizer containing 60% alcohol.
Communicate with family members without using direct contact ( e.g. mobile phone ) . If you have to speak directly , stay at least 6 feet away. Wear a face mask properly.
Thoroughly disinfect shared household items (eg door handles, faucets, etc.)
Dispose of used items (eg tissues, masks, etc.) properly in a covered trash can.
ကိုဗစ်-၁၉ သံသယလူနာများ မိမိနေအိမ်တွင် သီးခြားနေထိုင်သည့်အခါ လိုက်နာရန် အချက်များ
ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာ၊ လူထုအခြေပြုစင်တာ စသည်တို့သို့ သွားရောက်နိုင်ခြင်း မရှိပါက မိမိနေအိမ်တွင် သီးခြားနေထိုင်သည့်အခါ အောက်ပါအချက်များကို တိကျစွာ လိုက်နာမှသာ မိမိချစ်သော အခြားသူများကို ရောဂါမကူးစက်နိုင်မည် ဖြစ်ပါသည်။
သီးသန့်အခန်း (သို့မဟုတ်) လေဝင်လေထွက်ကောင်းသော သီးသန့်နေရာတစ်ခု ပြင်ဆင်ပါ။
အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိပါ။ အများနှင့်မတူ မလွှဲမရှောင်သာ၍ အသုံးပြုရပါက မကိုင်တွယ်မီနှင့် ကိုင်တွယ်အပြီး လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ စက္ကန့် (၂၀) ခန့် သေချာစွာဆေးပါ (သို့မဟုတ်) အယ်လ်ကိုဟော (၆၀) % ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ။
အတူနေအိမ်သားများနှင့် တတ်နိုင်သမျှ တိုက်ရိုက်မတွေ့သော နည်းလမ်းများကို အသုံးပြု၍ ဆက်သွယ်ပါ (ဥပမာ – မိုဘိုင်းဖုန်း)။ မဖြစ်မနေ တိုက်ရိုက်ပြောဆိုရလျှင် အနည်းဆုံး (၆) ပေခွာ၍ စကားပြောဆိုပါ။ နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပါ။
အိမ်သားများနှင့်အတူ မျှဝေသုံးစွဲရသော ပစ္စည်းများ (ဥပမာ- တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း စသည်) ကို အသုံးပြုပြီးပါက သေချာစွာ ပိုးသန့်စင်ပါ။
အသုံးပြုပြီးသော စွန့်ပစ်ရမည့် ပစ္စည်းများ (ဥပမာ- တစ်သျှူး၊ Mask စသည်) ကို အဖုံးပါသည့် အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ပါ။