Primary Trauma Care Course
Medical Family Mandalay မှ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ် များမှ ကျောင်းသား ကျောင်းသူ များအတွက် Primary Trauma Care Course အပတ်စဉ် (၂) ကို နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်း၍ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ သင်တန်းကာလ မှာ ၃ ရက် ဖြစ်၍ သင်တန်း အောင်မြင် ပြီးဆုံးပါက အောင်လက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။ အခြေအနေ အရ လူဦးရေ အနည်းငယ် သာ သင်ကြားပေးနိုင်မည် ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများနှင့် ဆက်သွယ် ဆောင်ရွက်သွားပါမည်။
Primary Trauma Care Course အပတ်စဉ် (၁) ကို University of Medicine, University of Dental Medicine, University of Pharmacy, University of Nursing, University of Medical Technology, University of Traditional Medicine မှ ကျောင်းသား ကျောင်းသူများအတွက် အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ MFM အနေဖြင့် ယခုကဲ့သို့သော သင်တန်းမျိုးကို စဉ်ဆက်မပြတ် ပို့ချပေးမည်ဖြစ်ပြီး အခြားသော တက္ကသိုလ်များ မှကျောင်းသား ကျောင်းသူ များတက်ရောက်နိုင်ရန် အတွက်လဲ အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
Non Medical Person များအတွက် Combat Medic Training (TCCC Course) ကိုအပတ်စဉ် (၄) အထိ၊ ဆေးနှီးနွယ်ကျောင်းသား ကျောင်းသူများအတွက် အပတ်စဉ် (၂) အထိ၊ Junior MO များအတွက် Capacity Building Program ကို အပတ်စဉ်(၂) အထိ အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့ပြီး နောက် အပတ်စဉ်များကိုလည်း ဆက်လက်သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
ကျန်းမာရေး မိသားစု (MFM) ၏ သင်တန်းများ အားလုံးကို အဆင်ပြေ ချောမောစွာ နှင့် အဆင့်အတန်းမှီစွာ ပို့ချနိုင်ရန် အတွက် ကြိုးစားပေးကြသော ပြည်တွင်း ပြည်ပမှ ဆရာ ဆရာမ များ၊ ငွေအား လူအား ဖြင့် ကူညီပေးကြသော ပြည်တွင်း ပြည်ပမှ တော်လှန်ရေး ညီအစ်ကို မောင်နှမများ၊ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ် ပါသည်။