Tele medicine, Tele consultation နှင့် Tele education

လုပ်ငန်းစဉ်များအား အသိပေးကြေညာခြင်း

ကျန်းမာရေးမိသားစု မန္တလေး (Medical Family Mandalay) အနေနှင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိအခြေအနေအရ (ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင်) CDM ဆရာဝန်ကြီးများမှ ပြည်သူလူထုအား ဆေးကုသမှု မပေးနိုင်အောင် စစ်ကောင်စီမှ နည်းမျိုးစုံသုံး၍ တားမြစ်ပိတ်ပင်နေကြောင်း တွေ့ရှိရပါသည်။ ထို့အတွက် မန္တလေးကျန်းမာရေး မိသားစုအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ သြစတြေးလျ၊ စင်ကာပူနှင့် မြန်မာနိုင်ငံမှ နိုင်ငံတကာ အတွေ့အကြုံရှိ (အထူးကု) ဆရာဝန်ကြီးများနှင့် ဆက်သွယ်ပြီး Teleconsultationဖြင့် အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ဆေးရုံ၊ ဆေးခန်းများမှတဆင့် အောက်ဖော်ပြပါ ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီး များနှင့် ဆွေးနွေးတိုင်ပင်နိုင်မည် ဖြစ်ပါသည်။

  • အထွေထွေရောဂါအထူးကု
  • ခွဲစိတ်အထူးကု
  • ကလေးအထူးကု
  • သားဖွားမီးယပ်အထူးကု
  • အရိုးအထူးကု
  • နှလုံးအထူးကု၊ အဆုတ်နှင့်ရင်ခေါင်းအထူးကု၊ အသည်းအထူးကု၊ ကျောက်ကပ်အထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု၊ စိတ်ရောဂါအထူးကု၊ အရိုးအကြောအဆစ်အထူးကု
  • သွားကျန်းမာရေးဆေးပညာ
  • တိုင်းရင်း ဆေးပညာ

အသေးစိတ်အချက်အလက်များကို ကျန်းမာရေးမိသားစု မန္တလေး၏ တရားဝင် Facebook, Twitter, Telegram နှင့် Website စာမျက်နှာများတွင် ကြေညာသွားပါမည်။

ကျန်းမာရေးမိသားစု မန္တလေး (Medical Family Mandalay) အနေနှင့် ဆေးတက္ကသိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဝန်များ၊ သွားဖက်ဆိုင်ရာဆရာဝန်များနှင့် သူနာပြုများအတွက် အခမဲ့ online CME နှင့် Lecture များ ပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သော ဆရာ၊ ဆရာမများမှတဆင့် သင်ခန်းစာများကို နေ့စဉ် မေလ (၁) ရက်နေ့မှစ၍ သင်ကြားပို့ချမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အသေးစိတ်အချက်အလက်များကို ကျန်းမာရေးမိသားစု မန္တလေး၏ တရားဝင် Facebook, Twitter, Telegram နှင့် Website စာမျက်နှာများတွင် ကြေညာသွားပါမည်။

ကျန်းမာရေးမိသားစု မန္တလေး

Scroll to Top