Teleconsultation program – 1

တယ်လီကျန်းမာ – မန္တလေး (Telehealth – Mandalay) ၏ ပထမဆုံးခြေလှမ်းအဖြစ် Teleconsultation အစီအစဉ် (၁) ကို စတင်လိုက်ပါသည်။တယ်လီကျန်းမာ – မန္တလေးသည် ပြည်သူလူထုအား တယ်လီနည်းပညာများအသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ပြည်တွင်းရှိ CDM ဆရာဝန်/အထူးကုဆရာဝန်များ၊ Australia, UK, USA အစရှိသည့် နိုင်ငံများမှ ဆရာဝန်/အထူးကုဆရာဝန်များနှင့် ပူးပေါင်း၍ ဤအစီအစဉ်ကို စတင်လိုက်ပါသည်။

ပထမဦးစွာ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မန္တလေးမြို့၊ ခုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံတို့ရှိ ဖျားနာဆောင်များတွင် ကုသမှုခံယူခဲ့သော လူနာများအတွက် စီစဉ်ထားပါသည်။ (မန္တလေးမြို့ရှိ အခြားဆေးရုံများတွင် ပြသခဲ့သော လူနာများ၊ အခြားလူနာအမျိုးအစားများနှင့် လူနာသစ်များအတွက် မကြာမီ ဆက်လက်စီစဉ်ပေးပါမည်)

တယ်လီကျန်းမာ – မန္တလေး၏ Tele Consultation Program တွင် ဝင်ရောက်ကုသမှုခံယူနိုင်ရန်- – Internet connection ရှိရန် လိုအပ်ပါသည်။- Gmail account တစ်ခု ကြိုတင်ဖွင့်လှစ်ထားရှိရန် လိုအပ်ပါသည်။- အောက်ပါ Link ကို နှိပ်၍ လူနာမှတ်ပုံတင်စာရင်းသွင်းရပါမည်။ (ပုံပါ QR Code ကို Scan ဖတ်၍လည်း မှတ်ပုံတင်နိုင်ပါသည်)

https://tinyurl.com/TelehealthMandalay

(လတ်တလောကာလ၌ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မန္တလေးမြို့၊ ခုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံတို့ရှိ ဖျားနာဆောင်များတွင် ကုသမှုခံယူခဲ့သော လူနာများသာ မှတ်ပုံတင်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်)- လူနာမှတ်ပုံတင် (Patient Registration Form) ပုံစံကို သေချာပြည့်စုံစွာ ဖြည့်စွက်ပေးရန် လိုအပ်ပါသည်။ – မှတ်ပုံတင် ပုံစံတင်ပြီးပါက (၇) ရက်အတွင်း သက်ဆိုင်ရာအထူးကုဆရာဝန်နှင့် တွေ့ဆုံကုသရန် Telehealth Link နှင့် အသေးစိတ် အချက်အလက်များကို လူနာမှတ်ပုံတင်စဉ်က ဖြည့်သွင်းခဲ့သော Viber Phone Number သို့မဟုတ် Email လိပ်စာ သို့ တယ်လီကျန်းမာ – မန္တလေးက ပို့ပေးပါမည်။ (ဖုန်းခေါ်ဆိုမည် မဟုတ်ပါ)- လူနာအနေနှင့် တယ်လီကျန်းမာ – မန္တလေးက ဆက်သွယ်ပေးပို့သော Telehealth Link ကို နှိပ်၍ သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် Teleconsultation ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။

(မန္တလေးမြို့ရှိ အခြားဆေးရုံများတွင် ပြသခဲ့သော လူနာများ၊ အခြားလူနာအမျိုးအစားများနှင့် လူနာသစ်များအတွက် Telehealth အစီအစဉ်များကို တယ်လီကျန်းမာ – မန္တလေး Facebook Page မှတစ်ဆင့် အစီအစဉ်အလိုက် ဆက်လက်ကြော်ငြာပေးပါမည်)(လူနာမှတ်ပုံတင်ရာနှင့် Teleconsultation ကုသမှုခံယူရာတွင် အခက်အခဲကြုံတွေ့ပါက Page Chat Box မှတစ်ဆင့် နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း မေးမြန်းနိုင်ပါသည်)

Scroll to Top