မန္တလေးမြို့က သပြေညို ကျန်းမာရေးဈေးသပိတ် (၂၁-၅-၂၀၂၁)ယနေ့နံနက်ပိုင်းမှာ ကျန်းမာရေးမိသားစု – မန္တလေးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပြေညိုဈေးသပိတ်ကို မန္တလေးမြို့၊ ၃၅ လမ်းနဲ့ ၅၅ လမ်းထောင့်က လူစည်ကားရာ ဈေးတစ်ခုအတွင်း ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့ကြပါတယ်။စည်ပင်ဝတ်စုံနဲ့ ဈေးကောက်ဒလန် ဘဲနာကြီးက အကြမ်းဖက်စစ်အုပ်စုထံ ဖုန်းဆက်သတင်းပို့နေတာကို မြင်တွေ့လိုက်တဲ့ ဈေးသူဈေးသားများနဲ့ ဈေးဝယ်သူများက စေတနာမေတ္တာနဲ့ သတိပေးဖေးမမှုကြောင့် အချိန်မီ လူစုခွဲနိုင်ခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ် မုချကျရှုံး ရမည်!
အရေးတော်ပုံ အောင်ရမည်!